Ride Along (2014)

Ride Along (2014) - Movie Link Included 

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ အက်ရှင်ဟာသကားတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီကားမှာ Ice Cube (Are We There Yet, Barbershop)  နဲ့ Kevin Heart (Grudge Match, This is the End) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းက Kevin Heart (Ben) က Ice Cube (James) ရဲ့ညီမနဲ့ ချစ်သူတွေဖြစ်နေကြပြီး၊ ကောင်မလေးက Ben ကို သူ့အကိုနဲ့ အဆင်ပြေစေချင်ပါတယ်။ James ကတော့ Ben ကို မျက်မုန်းကျိုးနေပြီး သူ့ညီမနဲ့ သဘောမတူပါဘူး။ ဒါကြောင့် Ben က သူ့ယောက်ဖလောင်း နဲ့ အဆင်ပြေ အောင် ယောက်ဖလိုပဲ ရဲတစ်ယောက်ဖြစ်အောင် အလုပ်လျှောက်ပါတယ်။

Ben ကို Police Academy က လက်ခံလိုက်တဲ့နေ့မှာပဲ James ကို ပြောပြတော့ James က Ben ကို ဒုက္ခပေးဖို့ အကြံရသွားပါတယ်။ James က Ben ကို သူ့ညီမကို ယူဖို့ အရည်အချင်း ရှိကြောင်း ပြဖို့အတွက် ၁ရက် အချိန်ပေးပါတယ်။ အဲ့ဒီတစ်ရက်မှာ သူနဲ့ လိုက်ပြီး မြို့ကို Patrol လုပ်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ ရဲဖြစ်ဖို့ အရည်အချင်းရှိတယ်လို့ပြနိုင်ရင် သဘောတူမှာဖြစ် တယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ James က  Ben ကို ဒုက္ခပေးဖို့ ခေါ်သွားတာဖြစ်ပြီး၊ သူတို့ နှစ်ယောက် ရဲ့ တစ်နေ့တာကို ဟာသ နှောပြီးတင်ဆက်ထားပါတယ်။ ဒါ့အပြင် James က အချိန် ၂နှစ်ယူပြီး ဖမ်းဖို့ ကြိုးစားနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် Omar နဲ့ပတ်သက်တဲ့သတင်းကိုလည်း ရအောင် စုံစမ်းရင်း Ben နဲ့ ဘယ်လိုဆက်ဖြစ်ကြမလည်းဆိုတာ ပရိတ်သတ်ကြီး ရီမော ခံစားကြည့်ရှုနိုင်မှာပါ။

ရုပ်ရှင်ကတော့ ဟာသ အက်ရှင်ကားဖြစ်ပြီး တစ်ကားလုံး မရိုးရပါဘူး။ ရိုက်ထားတာလည်း သေသပ်ပြီး ဇာတ်လမ်းက ရိုးပေမယ့် ကြည့်လို့ကောင်းအောင်တင်ဆက်ထားပါတယ်။ အထူးသဖြင့် ဇာတ်ကားတစ်ကား လုံး ဇာတ်ဝင်ခန်း တစ်ခန်းမှ အပို အလို မရှိရအောင် ရိုက်ကူးထားနိုင်တာတွေ့ရမှာ ဖြစ်ပါတယ်။ ပြက်လုံးတွေအားလုံး ဟာသ ဖြစ်အောင် ရိုက်ထားနိုင်ပြီး ပြောစရာတစ်ခုအနေနဲ့က ဆဲဆိုတာတွေပဲဖြစ်ပါတယ်။ ကျန်တာကတော့ Sex Scene မပါပေမယ့် Sex နဲ့ပတ်သက်တာလေးတွေတော့ ဟာသအဖြစ်ပါပါတယ်။ No Nudity ပါ။

မိသားစုတူတူ ကြည့်ဖို့ အဆင်ပြေပေမယ့် ကလေးတွေ မကြည့်တာ ပိုကောင်းပါတယ်။ ဆဲဆိုတာတွေ၊ စုံတွဲအချင်းချင်း ပြောဆိုတာတွေ(ဟာသဆန်ဆန်တင်ဆက်ထားတာ) ပါပါတယ်။ ရုံမှာကြည့်ဖို့တန်ပါတယ်။ တကယ်လို့များတင်ခဲ့ရင် သွားကြည့်သင့်ပါတယ်။ သမရိုးကျဇာတ်လမ်းကို ဟာသကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။ ဟာသကားကောင်းတစ်ကားပါ။

#Sololay

Movie Link
http://watch32.com/movies-online/ride-along-6040 (အကြည်မဟုတ်ပါ)

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review