Guardian of the Galaxy (2014) - Movie Preview

Guardian of the Galaxy (2014) - Movie Preview

#ရုပ်ရှင်မိတ်ဆက်



ဒီတစ်ခါတော့ ပရိတ်သတ် တစ်ချို့ နဲ့ သိပ်မရင်နှီးတဲ့ Superheros ရုပ်ရှင်ကား တစ်ကားကို Preview လုပ်ချင်ပါတယ်။ Guardians of the Galaxy က Marvel Universe ထဲက ဇာတ်ကောင်တွေဖြစ်ပြီး သူတို့က နာမည်အတိုင်း စကြ်ာဝဠာတစ်ခုလုံးကို ကာကွယ်ရတဲ့သူတွေဖြစ်ပါတယ်။

Marvel Universe တစ်ခုတည်းမှာဖြစ်တာကြောင့် Avengers: The Earth Mightiest Heros နဲ့ Ultimate Spider-man ကာတွန်းဇာတ်လမ်းတွဲမှာ Cameo ပါဝင်ဖူးတာကလွဲရင် ဒါက ပထမဆုံးအကြိမ် ပိတ်သားထက်မှာကြည့်ရမှာဖြစ်ပါတယ်။ မြန်မာပရိတ်သတ်တွေသိပ်မသိကြဖူးဆိုတာက ကျွန်တော့် စာရင်းကောက်ထားတဲ့ထဲမှာတောင် ဘယ်သူမှ Vote မလုပ်ထားတဲ့ တစ်ခုတည်းသောကား ဖြစ်နေလို့ပါ။

Guardian of the Galaxy ဇာတ်ကားက ၂၀၀၈ခုနှစ်မှာအသစ် ပြန်ရေးထားတဲ့ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ Peter Quill / Star-Lord, Rocket Raccoon, Quasar, Adam Warlock, Gamora, Drax the Destroyer, နဲ့ Groot တို့အဓိကပါဝင်ပါတယ်။ Guardian of the Galaxy ကို San Diego Comic Con မှာတုန်းက မိတ်ဆက်သွားခဲ့ပြီး၊ Avengers ရုပ်ရှင်ကားလို ခံစားမှုမျိုး ပေးနိုင်အောင်ရိုက်ကူးထားတယ်လို့လည်း ပြောသွားခဲ့လို့ ပရိတ်သတ်တွေ တော်တော်များများ စိတ်ဝင်စားနေပါတယ်။

Peter Quill aka Star-Lord က ခေါင်းဆောင်ဖြစ်ပြီး၊ Rocket Raccoon က လူကြိုက်အများဆုံး Character ဖြစ်ပါတယ်။ Groot ကတော့ သူတို့အဖွဲ့ရဲ့ Big Gun ဖြစ်ပါတယ် (Avenger ရဲ့ Hulk, Justice League ရဲ့ Superman)။

ကျွန်တော်ကိုယ်တိုင်လည်း Guardian တွေအကြောင်းကို Avengers နဲ့ Spider-man series တွေကြည့်မှ သိတာဖြစ်ပြီး အခုရုပ်ရှင်ကိုလည်း စောင့်မျှော်နေပါတယ်။ Superheros ဇာတ်ကားစိတ်ဝင်စားသူတွေ အတွက် ကားကောင်းဖြစ်လာဦးမှာဖြစ်ပြီး Batman Vs Superman နဲ့ Avengers: Age of Ultron တို့ကိုစောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေ ကို ဒီကားက စိတ်ကျေနပ်မှု ပေးနိုင်မယ် လို့ထင်ပါတယ်။

ထွေလာက ဒီည အမေရိကားက Talk Show တစ်ခုမှာ ကြေငြာမှာဖြစ်ပေမယ့် လောလောဆယ်တော့ 15 စက္ကန့်စာ ထွေလာ အွန်လိုင်းမှာတင်ထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်လာမှာမလွဲဖူးဆိုတာ ဒီထွေလာက သက်သေပြနေပါတယ်။ တစ်ခုပဲ စိတ်မကျေနပ်စရာရှိတာက ကျွန်တော့်အကြိုက်မင်းသားနှစ်ယောက်ဖြစ်တဲ့ Bradley Cooper နဲ့ Vin Diesel တို့ ပါဝင်ပေမယ့် Groot (သစ်ပင်) နဲ့ Raccoon အဖြစ် ပါဝင်မှာဖြစ်တာကြောင့် အသံသာ ကြားမှာဖြစ်ပြီး လူကိုယ်တိုင်ပါဝင်မှာတော့မဟုတ်ပါဘူး။

#Sololay

Trailer
https://www.youtube.com/watch?v=hbFPyMOHcHQ
Full Trailer
http://www.youtube.com/watch?v=pTZ2Tp9yXyM

Guardians of the Galaxy in Avengers and Spider-Man
https://www.youtube.com/watch?v=PaB5iTFgxVk (in Avengers)
https://www.youtube.com/watch?v=cWq-jelDxu4 (Spider-man)

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review