Hitch (2005) - Movie Link Included

Hitch (2005) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါလည်း Will Smith ရဲ့ Fancy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချစ်ပါတယ်။ Drama/Comedy ကားကောင်းလေးတစ်ကားဖြစ်ပြီး၊ ပေါ့ပေါ့ပါးပါး လေး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဇာတ်လမ်းမှာ Alex Hitchens (Will Smith) က တက္ကသိုလ်မှာတုန်းက ရိုးရိုးအအ ကောင်လေး တစ်ယောက်ဖြစ်ပြီး ကောင်မလေးတစ်ယောက်ကို စွဲစွဲလန်းလန်း ချစ်မိရာက အဲ့ဒီကောင်မလေး ရဲ့ သစ္စာဖောက် စွန့်ပစ်တာကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူက သူတင်မက တစ်ခြား ယောက်ျားလေးတွေပါ နောက်တစ်ခါ ဒါမျိုးမဖြစ်ရအောင် ယောက်ျားလေးတွေကို နည်းပြလုပ်ပေးတဲ့ Date Doctor (အချစ်နည်းပြ လို့ပဲဆီလျော်အောင်ပြန်လိုက်ပါတော့မယ်) အဖြစ် လုပ်ရင်းကနေ သူ့ရဲ့ ပုံမှန် စီးပွားရေးဖြစ်လာပါတယ်။

Hitch ဆီလာအလုပ်အပ်တဲ့ သူတွေအများစုက၊ သူတို့ ချစ်နေတဲ့ မိန်းကလေး ကို ဖွင့်မပြောရဲလို့ပဲဖြစ်ဖြစ်၊ ကောင်မလေးက သူတို့ထက် အများကြီး သာနေလို့ သူတို့ကို ပြန်မကြိုက် မှာ ဆိုးလို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ကောင်မလေးတစ်ယောက်နဲ့ အဆင်ပြေအောင် လုပ်ပေးဖို့ Hitch ဆီလာကြတာဖြစ်ပါတယ်။ Hitch ကပိုက်ဆံယူပြီး လုပ်ပေးတယ်ဆိုပေမယ့် တကယ့် စေတနာနဲ့ လုပ်ပေးတာဖြစ်ပြီး သူ့ထံမှာ လာအကူအညီ တောင်းတဲ့ ယောက်ျားလေးက သူတို့ လိုက်မယ့် မိန်းကလေးကို တကယ် ချစ်တာ ဖြစ်ရပါမယ်။ အပျော်ကြံဖို့ အတွက်ဆိုရင် တော့ Hitch ကလက်မခံပါဘူး။

Hitch ရဲ့ အလုပ်က သူ့ကို လာအကူအညီတောင်းတဲ့ သူတွေ စိတ်ဝင်စားတဲ့ ကောင်မလေး တွေရဲ့ အကြောင်းကို စုံစမ်း၊ နောက့် သူ့ လူတွေကို အဲ့ဒီကောင်မလေးတွေ သတိထားမိလာအောင် ဖန်တီး ပေးရပြီး၊ 1st Date, 2nd Date, 3rd Date သုံး ခုအတွင်းမှာ အဆင်ပြေအောင် လုပ်ပေးရ တာဖြစ်ပါတယ်။ ဒီအချိန်မှာ ဇာတ်လမ်းရဲ့ ဒုတိယမင်းသား Albert (Kevin James) ကတော့ အားလုံးထဲမှာ အထူးခြားဆုံး ဖြစ်ပါတယ်။ Albert က Accountant တစ်ယောက်ဖြစ်ပြီး သူကြိုက်နေတဲ့ ကောင်မလေး က နာမည်ကြီး Supermodel (Allegra) တစ်ယောက်ဖြစ်နေပါတယ်။ ဒါ့အပြင် လက်ရှိချစ်သူက သစ္စာမရှိလို့ လမ်းခွဲထားသူဖြစ်ပါတယ်။ Albert က Allegra ကို အမှန် တကယ်ချစ်မှန်းသိသွားတဲ့ နောက်မှာ Hitch ကအကူအညီပေးဖို့ လက်ခံထားပါတယ်။

နောက်ထပ်အဓိက ဇာတ်ကောင်ဖြစ်တဲ့ မင်းသမီး Eva Mendes က Sara အဖြစ်သရုပ်ဆောင်ပြီး အတင်းအဖျင်း သတင်းဂျာနယ်က သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။ Allegra ရဲ့ ချစ်သူ ဖောက်ပြန်နေတာကို သူပဲ ဖွလိုက် တာဖြစ်ပါတယ်။ တစ်နေ့မှာ Hitch နဲ့ Sara တို့ ဆုံတွေ့မိသွားပြီး Hitch က Sara ကို ထပ်တွေ့ဖို့ ချိန်းခဲ့ပါတယ်။ မိန်းကလေးတိုင်းနီးပါးနဲ့ အဆင်ပြေတဲ့ Hitchက Sara နဲ့ကျမှ တွေ့တိုင်း အလွဲလွဲဖြစ်နေ ပြီး နောက်ဆုံးမှာ Sara ကို တကယ်ချစ်မိသွားပါတယ်။

ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်း တွေဖြစ်လာပြီး တဲ့နောက်မှာ Albert ကရော Allegra ရဲ့ အချစ်ကို ရပါ့မလား၊ Hitch နဲ့ Sara ကရော ဘာတွေဖြစ်ကြမလည်းဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင် ခံစား ကြည့် လိုက်ဖို့ ပြောပြရစေ။

ပေါ့ပေါ့ပါးပါး ရယ်မော ခံစားရမှာဖြစ်သလို၊ အချစ်ဖန်စီဟာသ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြည့်ကို ကြည့်သင့်ပြီး၊ စိတ်အပန်းပြေစေဖို့ အာမခံပါတယ်။ PG-13 ဖြစ်ပြီး မိသားစုတူတူကြည့် နိုင်ပါတယ်။

#Sololay

P.S. ဒီကားကို မင်းမော်ကွန်း(Will Smith)၊ ဘရိတ်ကီ (Kevin James)၊ ချောရတနာ (Supermodel)(နောက်တစ်ယောက်ကိုတော့မသိပါဘူး) တို့ ပြန်ရိုက်ထားတယ်လို့တော့သိပါတယ် နာမည်တော့ သေချာမသိပါဘူး။
Movie Link
http://putlocker.bz/watch-hitch-online-free-putlocker.html

http://viooz.co/movies/2536-hitch-2005.html

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review