The Wolf of Wall Street (2013)

The Wolf of Wall Street (2013)

#ရုပ်ရှင်မိတ်ဆက်

(Not Family-Orientated, Rated R for Sex, Drug and Nudity, No Children under 18)

ဒီကားကို တင်ပေးသင့်မတင်ပေးသင့် စဉ်းစားနေတာနဲ့ ကြာသွားတာပါ။ ဒီကား Martin Scorsese ရဲ့ကား ဖြစ်တဲ့အတိုင်း ဆေးချတာတွေ၊ ကိုယ်လုံးတီးတွေ၊ sex တွေ အများအပြားပါပါတယ်။ ပြောလို့ပြောတာမဟုတ်ပါဘူး မြန်မာပြည်မှာသာ ရုံတင်မယ်ဆိုရင် ရုပ်ရှင်ကား က ၁နာရီခွဲလောက်ပဲ ကြာပါလိမ့်မယ်။ ဒါကြောင့် မိသားစုတူတူ မကြည့်သင့်သလို၊ မိန်းကလေးတွေ လည်း သတိထားကြည့်သင့်ပါတယ်။ စုံတွဲတွေတူတူ မကြည့်သင့်ပဲ၊ အရွယ်ရောက်ပြီးသူ များသာ ပညာရအောင် ကြည့်သင့်ပါတယ်။

သတိပေးပြီးပြီဆိုတော့ ဇာတ်လမ်းကို ပြောရရင်၊ Jordan Belfort (Leonardo DiCaprio) က အသက် ၂၂ နှစ်မှာ Stock Broker အဖြစ်နဲ့ Wall Street မှာ အလုပ်လာလုပ်ပါတယ်။ Wall Street ကိုမသိတဲ့သူတွေ အတွက်က ကတော့ Wall Street ဆိုတာ New York က Stock Exchange ကုမ္ပဏီတွေ ရှိပါတယ်။ Stock Broker ဆိုတာ Public လုပ်ထားတဲ့ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို လူတွေ ရင်းနှီးမြုပ်နှံအောင် ရောင်းချပေးရတဲ့ ရှယ်ယာ ပွဲစားဖြစ်ပါတယ်။ အဲ့လိုရောင်းရရင် ရာခိုင်နှုန်းတစ်ခု အနေနဲ့ ကော်မရှင်စားရပါတယ်။

Stock Broker တွေရဲ့အဓိက အလုပ်က သူ့တို့ရဲ့ Client တွေ မြတ်မြတ် ရှုံးရှုံး ဆက်ပြီး ရင်းနှီးနေမြုပ်နှံနေအောင်၊ မြတ်ပြီဆိုပြီး ရှယ်ယာ တွေ အကုန် ရောင်းပြီးထွက်သွားရင် နောက် ထပ်မ၀ယ်ဝယ်အောင် ဆွယ်ရပါတယ်။ ဒါမှလည်း ကော်မရှင် မပြတ်ရနေမှာဖြစ်ပါတယ်။

Jordan Belfort က ဒီပညာတွေအကုန်တတ်ပြီး လိုင်စင်ရသွားတဲ့နေ့မှာပဲ Black Monday (October 19, 1987) လို့လူသိများတဲ့နေ့၊ Stock Market တစ်ခုလုံး ပြိုလဲတဲ့နေဖြစ်နေပါတယ်။ ဒါကြောင့် သူ့အလုပ်လည်းပြုတ်ပြီး၊ ကြံရာမရတဲ့အဆုံး ကုမ္ပဏီအသေးတွေရဲ့ရှယ်ယာေ၇ာင်းတဲ့ Stock center တစ်ခုမှာအလုပ်လုပ်မိသွားပါတယ်။ ဒါပေမယ့်အဲ့ဒီမှာ သူသိလိုက်တာက Penny Stock လို့ခေါ်တဲ့ ကုမ္ပဏီအသေးတွေရဲ့ရှယ်ယာက ၅၀% အထိ ကော်မရှင် ရတယ်ဆိုတာပါပဲ။ အဲ့ဒီကနေစလို့ သူက သူ့ Client တွေကို ကုမ္ပဏီ အသေးတွေရဲ့ ရှယ်ယာကို အဓိကရောင်းလာပြီး၊ ကိုယ်ပိုင်ကုမ္ပဏီထောင် မဟုတ်တဲ့နည်းလမ်းတွေသုံးလာပါတယ်။

ဇာတ်လမ်းကတော့ သူ့ရဲ့ဘ၀ကိုအဓိကပြထားသလို၊ မဟုတ်တာလုပ်ပုံ၊ ဆေးသုံး၊ မိန်းမလိုက်စား၊ ညစ်တီးညစ်ပတ် တွေလုပ် တာတွေအကုန်ပြထားပါတယ်။ 

ဒါကြောင့်ပဲ ပထမမိန်းမနဲ့ ကွဲ၊ နောက်မိန်းမက မော်ဒယ်ဖြစ်ပြီး ကလေးနှစ်ယောက်ရတာတောင် အချိုးမပြောင်း၊ နောက်ဆုံးမှာထောင်ကျ၊ အဖမ်းခံရပြီးမှ၊ လူကောင်းပြန်ဖြစ်သွားတာကို သရုပ်ဖော်ထားတာပါ။

ဒီကားကနေ ပညာယူမယ်ဆိုရင် ယူစရာတွေများပါတယ်။ သူက ငွေနောက် လိုက်၇ုံတင်မကပဲ ပိုက်ဆံချမ်းသာလာတာတောင်မှ ဒီဘ၀ကို မစွန့်လွှတ်နိုင်ပါဘူး။ အပျော်အပါးလိုက်စားတာတွေ၊ ငွေရှာရလွယ်လာတော့ ငွေကိုတန်ဖိုးမထားတာတွေကိုပြထားသလို၊ သူ့ကိုလိုက်တဲ့ FBI အေးဂျင့်က လည်း ပါဝါဘယ်လောက်ရှိရှိ ပိုက်ဆံဘယ်လောက်ချမ်းသာသာ မဟုတ်တာလုပ်တဲ့သူကို အလွတ်မပေးပဲ အမိဖမ်းတာ၊ လာဘ်မစားတာတွေလည်း ပြထားပါတယ်။ ဒါ့အပြင် အသက်၂၂ နှစ် ကြီးပွါးတိုးတက်ချင် စိတ်ရှိတဲ့ လူငယ်တွေ၊ အောင်မြင်မှုရအောင် လုပ်နေတဲ့သူတွေ (မတရားတဲ့နည်းလမ်းနဲ့လုပ်နေတဲ့သူတွေလည်း ရှိပေမယ့်) ကိုတွေ့မြင်ရမှာပါ။

ဇာတ်လမ်းကောင်းတစ်ကားဆိုပေမယ့် မိသားစုတွေ၊ စုံတွဲတွေ၊ ကလေးတွေ၊ ကြည့်ဖို့မသင့်တော်ပါဘူး။ မောင်နှမ၊ မိဘနဲ့သားသမီးတူတူမကြည့်သင့်ပါဘူး။ Rated-R ဖြစ်ပြီး ကလေးတွေဝေးဝေးက ရှောင်ရှားသင့်ပါတယ်။ 

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review