About Time (2013) - Movie Link Included

About Time (2013) - Movie Link Included

(Must See Movie, Not Family-Oriented, Rated R for Sex and some Nudity)

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်တော့ Drama ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီကားက Drama ကားဆိုပေမယ့် အချစ်အကြောင်း သီးသန့်တော့မဟုတ်ပါဘူး။ ပိုပြီးထူးခြားတာက ရှားရှားပါးပါး Comedy/Drama/Sci-Fi ဖြစ်နေလို့ပါ။

ဇာတ်လမ်းက Tim ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့အပြီးမှာ သူ့ရဲ့အဖေက Tim ကို သူတို့မိသားစုရဲ့ လှို့ဝှက်ချက် တစ်ခုကိုပြောပြပါတယ်။ သူတို့ မိသားစုက ၂၁ နှစ်ပြည့်ပြီးသားယောက်ျားလေးတွေအကုန်လုံး သူတို့ဘ၀ထဲက သူတို့မှတ်မိတဲ့ အချိန် ကာလ တစ်ခုကို ကြိုက်သလို ပြန်သွားလို့ရပါတယ်။ ဇာတ်လမ်းမှာ အဓိက အားဖြင့် ၃ပိုင်းခွဲလို့ရပါတယ်။ Time Travel လုပ်လို့ရတဲ့ အကြောင်းကိုသိပြီးတဲ့ နောက်မှာတော့ Tim က သူ့ရဲ့ ဘ၀ကို သူစိတ်ကြိုက် ပြန်ပြန် ပြုပြင်  ပြီး စိတ်တိုင်းကျ နေတာကို ဇာတ်လမ်း ရဲ့ ပထမ ပိုင်းနဲ့ Fantasy Drama ပိုင်းဖြစ်ပါတယ်။ ဒီကာလမှာ သူ့ချစ်သူနဲ့ တွေ့ခဲ့သလို၊ အလွဲလေးတစ်ချို့ကိုလည်း ပြင်ခဲ့ရတာတွေ၊ ပြင်ရင်းနဲ့ လွဲသွားတာတွေ လည်းရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့ နှစ်ဦး လက်ထပ်ပြီး သမီး ကလေးမွေးပြီးတဲ့ ကာလက ဒုတိယ ပိုင်းဖြစ်ပြီး မိသားစုတစ်ခုကို တည်ဆောက်ဖို့ကြိုးစားနေပုံကို တင်ဆက်ထားပါတယ်။ အဲ့ဒီအချိန်မှာ Tim သမီးလေးရဲ့ မွေးနေ့ပွဲကို လာရင်းနဲ့ လမ်းမှာ သူ့ညီမက ကားအက်ဆီးဒင့်ဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းကလည်း သူ့ညီမရဲ့ ရည်းစားက အပေအတေ တစ်ယောက် ဖြစ်ပြီး သူ့ညီမ ဖြစ်သူပါ ပျက်ဆီးနေတာ ကြောင့်၊ ညီမဖြစ်သူ ကို သူ့ရဲ့ Time Travel လျှို့ဝှက်ချက်ကိုပြောပြပြီး သူ့ရည်းစားနဲ့ စတွေ့တဲ့ နေရာကို ခေါ်သွားပြီး မကြိုက်ဖြစ်အောင် ပြောင်းခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ သူအိမ်ပြန်ရောက်တဲ့အခါမှာတော့ Time Travel ရဲ့ အရေးကြီးတဲ့ စည်းကမ်းတစ်ခုကို သူသိလိုက်ရပါတယ်။ သူ့ရဲ့ကလေးက သူသမီး မဟုတ်တော့ပဲ ကောင်လေးတစ်ယောက်ဖြစ်နေပါတယ်။ အဲ့ဒီတော့မှ သူအဖေရဲ့ပြောပြချက်အရ သိလိုက်ရတာက ကလေးမွေးပြီးသွားရင် ကလေးမမွေးခင် ကာလကို ပြန်သွားလို့ မရတော့ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီကလေး တစ်ယောက် ဖြစ်ဖို့အတွက် အဲ့ဒီအချိန်အတိအကျ အဲ့ဒီအချိန်မှာ မိန်းကလေးဆို မိန်းကလေးမွေးမယ့် သုတ်ပိုး က မမျိုးဥနဲ့ ပေါင်းစပ်ရမှာဖြစ်ပါတယ်။ တကယ်လို့ နောက်ကိုပြန်သွားခဲ့ရင် ဒါကလည်း ပြောင်းလည်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးမမွေးခင်ကာလကို ဘယ်လိုမှ ပြန်သွားဖို့ မသင့်တော့ပါဘူး။

နောက်ဆုံးအနေနဲ့ လူဖြစ်ရတဲ့တန်ဖိုး၊ လူဘ၀ရဲ့သင်ခန်းစာ၊ လောကကြီးကို ဘယ်လို နေရမယ်ဆိုတာ နားလည်သွားတဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်သိမ်းခါနီးမှာ သူ့အဖေက ကင်ဆာရောဂါ ရှိကြောင်း သိသွားပြီး ပြန်ပြင်လို့လည်းမရတော့ပါဘူး။ ဒါကြောင့် အဖေသေသွားပြီးတဲ့အခါမှာ သူ့အဖေရှိတဲ့ အချိန် ကို ပြန်ပြန်သွားပြီး အဖေ့ကိုတွေ့နေပါတယ်။ ဒါပေမယ့်တစ်နေ့မှာ သူ့မိန်းမ က နောက်ထပ်ကလေး ယူဖို့ ပြော လာတဲ့အခါမှာတော့ အတိတ်ကိုလည်း လက်မလွှတ်ချင်၊ အနာဂါတ်ကိုလည်း ဘ၀သစ် စချင်နေတဲ့ Tim တစ်ယောက် နောက်ဆုံးမှာ ဘ၀ကို ဘယ်လို နေထိုင်ရမလည်းဆိုတာ နားလည်သွားသလို၊ ပရိတ်သတ်တွေကိုလည်း သတိတရား ရစေတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဒီကားမှာ Time Travel ကို Idea တစ်မျိုးနဲ့တွေ့ရပါတယ်။ Sci-Fi/Action တွေ မှာ အတိတ်ကိုပြန်သွား၇င် အတိတ်မှာ အဲ့ဒီလူတဲ့ အငယ်ဘ၀ကို ကိုယ်ပွားအနေနဲ့တွေ့ရတာမျိုး (Looper, Time Cop)၊ Future က လူကလည်း Time Travel နဲ့ပြန်လာတာမျိုး (Looper) ရှုပ်ယှက်ခပ်မနေပါဘူး။

ဇာတ်လမ်းကရှင်းပါတယ်။ ကိုယ်ကြိုက်တဲ့နေရာကိုပြန်သွားလို့ရတယ်၊ ကိုယ်လုပ်ချင်တာ လုပ်ခဲ့ပြီး လက်ရှိနေရာကို ပြန်လာလို့ရပါတယ်။ ကိုယ်တစ်ယောက်တည်းပဲရှိသလို အတိတ်က လူတွေ အနာဂတ်က လူတွေမပါပါဘူး။ X-Men: Days of Future Past ထဲက အိုင်ဒီယာမျိုးပါ။ အတိတ်ကိုပြန်သွားရင် အတိတ်က ကိုယ်ခန္ဓာနဲ့ ကိုယ့်ရဲ့စိတ်နဲ့ပါ။

တကယ်လို့ အချိန်နောက်ပြန်သွားခဲ့ပြီး အဲ့ဒီအချိန်က အတိုင်းပဲ ဘာမှမပြင်ခဲ့ရင်၊ ကိုယ့်လက်ရှိဘ၀မှာလည်း ဘာမှမပြောင်းလဲပါဘူး။ အဲ့ဒီတော့ ဒီလိုပြန်သွားလို့ရတဲ့ သူတွေက ဘ၀ကို (ကိုယ့်ရဲ့တစ်နေ့တာကို) အကြိမ်ကြိမ်ပြန်နေလို့ရပါတယ်။ Tim ရဲ့အဖေကလည်း ဒီလိုပဲသူ့ရဲ့ဘ၀ကို နေခဲ့ပေမယ့်၊ Tim ကတော့ နောက်ဆုံးမှာ ဘ၀ကို အကြိမ်ကြိမ်ပြန်မနေပဲ ပထမတစ်ကြိမ်မှာပဲ အရာရာကို အကောင်းဆုံးဖြစ်အောင်၊ ဘ၀ကို အကောင်းဆုံးဖြစ်အောင် နေသွားပြီး၊ ကိုယ့်ဘေးနားမှာရှိနေတဲ့ အရေးကြီးတဲ့သူတွေကို တန်ဖို့ထားတတ်လာတယ်ဆိုတာ ဇာတ်လမ်းက တင်ဆက်ထားပါတယ်။

အလွန်ကောင်းတဲ့ ဘ၀သရုပ်ဖော် စိတ်ကူးယဉ် ဇာတ်ကားဖြစ်ပြီး၊ လှလှပပ ရိုက်ကူးထားပါတယ်။ အိုင်ဒီယာဆန်းပြီး၊ Message ကောင်းကောင်းပေးနိုင်သလို၊ တင်ဆက်ပုံလည်း တော်တော်ကောင်းပါတယ်။ အင်္ဂလိပ် Drama ကား တွေထဲမှာ အကောင်းဆုံး တစ်ကားလို့ဆိုလို့ရပါတယ်။ ဟောလိဝုဒ်ကားတွေနဲ့ USA မြင်ကွင်းတွေကနေ ခွဲထွက်ပြီး London ရဲ့ လှပတဲ့ မြို့နေမှု၊ အပြင် England ရဲ့ ကျေးလက်ဒေသ ရှုခင်းတွေ ကိုပါ ခံစားနိုင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ Rated R ဖြစ်ပြီး Sex Scene, Nudity အချို့ပါသလို၊ အိမ်ထောင်ရေးကား ဆန်ဆန်ရိုက်ကူးထားတာကြောင့် အသက် ၁၈ နှစ်အောက် ကလေးတွေ ကြည့်ဖို့ မသင့်ပါဘူး။ မိသားစုတူတူ မကြည့်သင့်ပါဘူး။ အရွယ်ရောက်ပြီးသူ တိုင်း လက်မလွှတ်သင့်တဲ့ကားကောင်း တစ်ကားပါ။ ကြည့်ကိုကြည့်သင့်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review