Brave

Brave (2012) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ပရိတ်သတ် သိပြီးသားဖြစ်သလို ကြည့်ပြီးသားဆိုပေမယ့် အမေများနေ့မှာ ပရိတ်သတ်ကြီး အမှတ်တရ ပြန်ကြည့်နိုင်အောင် ပြန်တင်ဆက်ပေးလိုက်ပါတယ်။

၂၀၁၂ ခုနှစ်ထုတ် Brave ကာတွန်းကားက Disney နဲ့ Pixer က ထုတ်တာဖြစ်လို့ ကောင်းမကောင်းက မေးစရာတောင်မလိုပါဘူး။ Pixer က ထုတ်တဲ့ကာတွန်း ကား ဆို ကောင်းပြီးသားဖြစ်သလို၊ Disney ကလည်း တကယ့်ကို Drama ကားတွေနဲ့အပြိုင် ကောင်းတဲ့ ကာတွန်းကားတွေ ထုတ်လုပ်ထားသူဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ စကော့တလန် က ဘုရင်မနဲ့ ဘုရင်ရဲ့ သမီးလေးက သူတို့ ရိုးရာထုံးစံအတိုင်း အရွယ်ရောက်လာတဲ့အခါမှာ ထိမ်းမြားလက်ထပ်ဖို့အတွက် အခြား တိုင်းပြည်တွေက မင်းသားတွေကို ရွေးချယ်ရပါတယ်။ ဒါပေမယ့် မင်းသမီးလေးက တိုင်းပြည်အုပ်ချုပ်ဖို့၊ သူ့အမေဘုရင်မကြီးလို ရိုးရာဓလေ့ ထုံးစံတွေ၊ တော်ဝင်စံစံ ရှေးရိုးကျကျ နေရပြောရတာကို သဘောမကျသလို၊ ယောက်ျားကိုလည်း မိဘပေးစားတာယူရတာကို သဘောမကျပါဘူး။ ဒါကြောင့် ကြံရာမရတဲ့အဆုံး မှော်ဆရာမ တစ်ယောက်ရဲ့အကူအညီနဲ့ သူ့အမေစိတ်ပြောင်းအောင် လုပ်ဖို့လုပ်ရာ နားလည်မှုလွဲသွားပြီး အမေကို ၀က်ဝံအဖြစ်ပြောင်း သွားအောင် လုပ်မိသွားပါတယ်။ ဒီမှာ သူ့ရဲ့အဖေကလည်း ၀က်ဝံဆိုးတစ်ကောင်ကြောင့် ခြေတစ်ဖက်ထိထားတာကြောင့် အမေ့ကိုဝက်ဝံအဖြစ်နဲ့ တွေ့ရင် သတ်ပစ် မှာဖြစ်ပါတယ်။

အဲ့ဒီကနေ အမေ့ဝက်ဝံကြီးကို လူအဖြစ်ပြန်ပြောင်းအောင် ကျိန်စာပျယ်သွားအောင် လုပ်ဖို့ကြိုးစားရင်း သမီးနဲ့အမေ တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်မှုတွေရလာပြီး အမြင်တွေပြောင်းလာပုံကို ထိထိမိမိ ရိုက်ကူးတင်ဆက်ထားပါတယ်။

ဇာတ်လမ်းရော Animation ရော ပြောစရာမရှိ အထူးကောင်းမွန်ပါတယ်။ သမီးနဲ့အမေ အမေက သမီးကို သူဖြစ်စေချင်တာ အတင်းအကြပ် ခိုင်းစေသလို၊ သမီးကလည်း အမေဖြစ်သူ ပုံသွင်းတာကို မခံ နိုင်ဖြစ်ကြတဲ့ သဘာဝကို လူငယ်တွေ ရော လူကြီးတွေပါ သတိထားမိလာအောင် တစ်မျိုးတစ်ဖုံတင်ဆက်ထားလို့ ပရိတ်သတ်ကြီး လက်မလွှတ်သင့်တဲ့ကားပါ။ အက်ရှင်၊ ဒရမ်မာ အစုံ ပါပြီး၊ သားအမိကြားကမေတ္တာ၊ မိခင်ရဲ့ သားသမီးတွေ ပေါ်ထားတဲ့မေတ္တာနဲ့ သားသမီးအတွက် အသက်ကိုပင် ဂရုမထားတဲ့ မိခင်မေတ္တာကို ထင်ဟပ်ထားနိုင်တဲ့ ကားကောင်းတစ်ကားပါ။

မိသားစုတူတူကြည့်ဖို့သင့်တော်ပါတယ်။

#Sololay

Movie Link
http://watch32.com/movies-online/brave-1394

Comments

Popular posts from this blog

The Pursuit of Happyness (2006) - Movie Link Included

The Hobbit: The Desolation of Smaug - Preview