Jack Ryan: Shadow Recruit (2014)

Jack Ryan: Shadow Recruit

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Jack Ryan နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော် Preview မှာပြောခဲ့သလို ပဲ စုံထောက် ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး Jack Ryan ဇာတ်ကောင်နေရာကို မင်းသားတော်တော်များများ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ကျန်မင်းသားတွေ က Jack Ryan (Chris Pine) တစ်ယောက် CIA မှာ နေရာရလာပြီး နောက်ပိုင်း ဘ၀ကို သရုပ်ဆောင်တာဖြစ်ပြီး၊ ဒီကားမှာတော့ သူ့ရဲ့ လူငယ်ဘ၀ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ Jack Ryan က လန်ဒန်မှာ ကျောင်းတက်နေတုန်း၊ New York မှာ 9/11 (World Trade Center ကို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့)သတင်း ကိုတွေ့ပြီး ကျောင်းဆက်မတက်တော့ပဲ စစ်ထဲဝင်ပြီး တိုင်းပြည်အတွက် စစ်မှုထမ်းခဲ့ပါတယ်။ အာဖဂန် မှာ စစ်မှုထမ်းနေရင်းနဲ့ ဒဏ်ရာအကြီးအကျယ်ရပြီး အနားယူခဲ့ရပါတယ်။ သူဆေးရုံမှာ ဆေးကုသနေတုန်း၊ သူ့ကို Kevin Costner က CIA အတွက် အလုပ်လုပ်ပေးဖို့ လာပြီး စည်းရုံးပါတယ်။

သူတို့ရဲ့အစီအစဉ်ကတော့ Jack ကို London မှာကျောင်းဆက်တက်ပြီး Ph.D ရအောင် လုပ် ပြီးရင် Wall Street မှာ အလုပ်ဝင်လုပ်ပြီး၊ Terrorist တွေရဲ့ ငွေကြေးတွေ ရင်းနှီးမြုပ်နှံမှုတွေ၊ မသင်္ကာဖွယ် တွေတွေ့ရင် အစီရင်ခံဖို့ဖြစ်ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက်မှာတော့ ရုရှားက အမေရိကားကို စီးပွားရေး အရ တိုက်ခိုက်ဖို့ကြံစည်လာပြီး၊ အမေရိကားရဲ့ Stock Market ကို ပြိုလဲအောင် လုပ်ဖို့ အကြံအစဉ်ကို Jack က သိရှိသွားပြီးတဲ့နောက်မှာတော့ သူတို့ ဘယ်လို ကြိုးစားပြီး ကာကွယ်မလည်း ဆိုတာကို သမရိုးကျ အက်ရှင်ကားတွေအတိုင်းပဲ တင်ဆက်ပေးထားပါတယ်။

ဇာတ်လမ်းအစမှာ တော်တော် လေးစိတ်ပျက်ဖို့ကောင်းပေမယ့် ဇာတ်လမ်း အရှိန်ရလာတဲ့အမျှ စည်းချက် မှန်လာပြီး စိတ်ဝင်စားဖို့ကောင်းလာသလို၊ ဇာတ်ကားတစ်ဝက်မှာတော့ အက်ရှင်ကားကောင်း တစ်ကား၊ စပိုင် ကားကောင်းတစ်ကားအဖြစ် ပြောင်းသွားပြီး၊ ဇာတ်ကားကောင်း တစ်ကားဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဇာတ်လမ်းကောင်းရဖို့ ဇာတ်ကားတစ်ဝက်လောက် အချိန်ယူ နေခဲ့ရတာရယ်၊ ဇာတ်လမ်း ရဲ့ ၃ချိုး ၂ချိုး က၊ Editing ရော ဇာတ်ကွက်ရော သာမန် အဆင့်လောက် ပဲရှိတာကြောင့် ကောင်းသင့်သလောက်မကောင်းခဲ့ပါဘူး။

ရုံမှာ သွားကြည့်ဖို့ အဆင်ပြေနိုင်ပေမယ့်၊ အခွေထွက်မှ အိမ်မှာ ၀ယ်ကြည့် တဲ့ကား မျိုးဖြစ်ပါတယ်။ အက်ရှင်ကားကောင်းတစ်ကားပါ။ ရှေးရိုး အက်ရှင်ကားတွေကို ကြိုက်တဲ့ ပရိတ်သတ်ကြီး အတွက်က တော့ တစ်ချိန်က အက်ရှင်ကားတွေရဲ့ အငွေ့အသက်ကို ပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။ စိတ်ကူးယဉ် သိပ္ပံကားမဟုတ်ပဲ၊ အက်ရှင်ကားစစ်စစ်တွေကြည့်ချင်သူတွေကတော့ ဒီကားက စိတ်ကျေနပ်မှုပေးနိုင်ပေမယ့် ဇာတ်ကားကောင်းတစ်ကားတော့ မဟုတ်ပါဘူး။ ကြည့်ပျော်ရှုပျော်ရှိပြီး အပျင်းပြေစေတဲ့ကားမျိုးပဲဖြစ်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review