Jackie Chan's Police Story Series

Jackie Chan's Police Story Series

#ရုပ်ရှင်မိတ်ဆက်

Jackie ရဲ့  Police Story 2013 က ပရိတ်သတ်တွေအကြိုက် အက်ရှင်သိုင်းကား တစ်ကားဖြစ်ခဲ့ပါတယ်။ Jackie Chan ရဲ့ ပရိတ်သတ်တွေလည်း အကြိုက်တွေ့ခဲ့သလို မြန်မာပရိတ်သတ်ကြီးလည်း ကြည့်ပြီး သားဖြစ်မှာပါ။

ကျွန်တော်အခုပြောချင်တာကတော့ Jackie Chan ရဲ့ အရင်တုန်းက ထွက်ခဲ့ပြီးသား Police Story အကြောင်း နည်းနည်းပြန်ပြောပြချင်ပါတယ်။ Jackie က ၁၉၈၅ Police Story ဆိုပြီး ဇာတ်ကားတစ်ကား ထွက်လာခဲ့ပြီးတော့ Chan Ka Kui ဆိုတဲ့ နာမည်နဲ့ သရုပ်ဆောင်ခဲ့ပြီး (နောက်ပိုင်းမှာ Inspector Chan ဆိုပြီး ဖြစ်လာမဲ့ဇာတ်ရုပ်) Police Story 2, Supercop, Supercop 2 နဲ့ Jackie Chan's First Strike တွေမှာ အဲ့ဒီဇာတ်ရုပ်နဲ့သရုပ်ဆောင်ခဲ့ပါတယ်။ Supercop မှာ နာမည်ကြီး မင်းသမီး မီရှဲယိုနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ ကျွန်တော်အကြိုက်ဆုံးနဲ့ အကောင်းဆုံး Police Story ဇာတ်ကားဖြစ်တဲ့ New Police Story ဇာတ်ကားထွက်လာပေမယ့် အဲ့ဒီကားမှာတော့ Jackie Chan က ဇာတ်ကောင်အသစ်၊ နာမည် အသစ်နဲ့ Senior Insp. Chan Kwok-Wing ဆိုပြီး သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လူကြီးသားသမီးတွေက ဘဏ်တွေကို ဓါးပြတိုက်ပြီး လွတ်သွားတော့ Jackie Chan တို့အဖွဲ့က (SWAT) လိုက်ဖမ်းရတာဖြစ်ပြီး၊ ကံဆိုးချင်တော့ သူတို့ထဲက ရဲတစ်ယောက်ကပဲ Jackie ရဲ့
လုပ်နည်းလုပ်ဟန်ကို ဓါးပြတွေကိုပြောပြထားပြီးသားဖြစ်လို့ ဓါးပြတွေက အလွယ်တကူပဲ Jackie Chan ရဲ့ အဖွဲ့သားတွေကို ဖမ်းမိသွားပြီး Jackie Chan ကို တော့ သူတို့နဲ့ ယှဉ်ပြိုင်ကစားခိုင်းပြီး ရှုံးရင် သူ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်တာဖြစ်ပါတယ်။ အဲ့ဒီအပြင် အဲ့ဒါကို ဂိမ်းအဖြစ် ရေးကာ အွန်လိုင်းပေါ်တင်ပြီး လူတိုင်းကစားနိုင်အောင် လုပ်ပေးထားပါတယ်။

ဇာတ်လမ်းအားလုံးက တော့ တကယ်ကောင်းပြီး Jackie Chan ပရိတ်သတ်တွေ ကြည့်သင့်တဲ့ကားတွေပါပဲ။ New Police Story ကတော့ ကျွန်တော် အကြိုက်ဆုံးပါ။

တရုတ် နှစ်ကူးမှာ လက်လှမ်းမှီသလောက် ပြန်မျှဝေပေးလိုက်ပါတယ်။

#Sololay

Police Story 1 - http://viooz.co/movies/5113-police-story-1985.html
Police Story 2 - http://viooz.co/movies/4839-police-story-2-1988.html
Supercop - http://viooz.co/movies/4427-supercop-1992.html
New Police Story - http://viooz.co/movies/5923-new-police-story-2004.html
Police Story 2013 - http://www.youtube.com/watch?v=AALAnw8ztbo&sns=fb

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review