Wall-E (2008) - Movie Link Included

Wall-E (2008) - Movie Link Included

(Must See Movie, General audience, Family-Oriented)
Movie Link - http://watch32.com/movies-online/wall-e-302


#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ Wall-E ဆိုတဲ့ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက ကာတွန်းဆိုပေမယ့် လူငယ်တွေအတွက်သာမကပဲ လူကြီးတွေပါ ကြည့်သင့်တဲ့ကားကောင်းတစ်ကား ဖြစ်ပါတယ်။ စိတ်ကူးစိတ်သန်း ကောင်းကောင်း နဲ့ လှလှပပရိုက်ကူးထားပြီးတော့ ဇာတ်လမ်းကောင်းကောင်း အချိတ် အဆက်မိမိနဲ့ ရိုက်ကူးထားပါတယ်။ ဒီကားက ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး ပရိတ်သတ် လက်မလွတ်သင့်တဲ့ကားကောင်းတစ်ကားပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။

ကျွန်တော့် အမြင်ကိုပြောပြီးပြီဖြစ်လို့ အခုကတော့ ဇာတ်လမ်း အကြောင်းအရာ၊ ကို တင်ပြမှာဖြစ်လို့ မကြည့်ရသေးသူတွေ ကြိုမသိချင်ရင် အောက်ကို ဆက်မဖတ်ပါနဲ့တော့လို့ ကြိုသတိပေးပါရစေ။

ဇာတ်လမ်းကတော့ ၂၈၀၅ခုနှစ် ကမ္ဘာမြေကြီးက လူတွေနေထိုင်ဖို့ မသင့်တော့လို့ လူတွေက ကမ္ဘာကြီးကို စွန့်ခွာသွားပြီး ကမ္ဘာကြီးရဲ့အထက် အာကာသထဲမှာ လူတွေ နေဖို့ စခန်းကြီးဆောက်ပြီး သွားနေကြပါတယ်။ ကမ္ဘာပေါ်မှာလည်း အပင်ကစ သတ္တ၀ါအဆုံး သက်ရှိဘာမှမရှိတော့ပဲ၊ WALL-E လို့ခေါ်တဲ့ အမှိုက်သိမ်းတဲ့ စက်ရုပ်တွေပဲ ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ Wall-E စက်ရုပ်တွေအားလုံး ကို ရပ်ပစ်လိုက်ပြီး Wall-E စက်ရုပ်လေးတစ်ရုပ်ပဲ ကျန်ခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်ကလေးက တစ်ခြားစက်ရုပ်တွေရဲ့ အစိတ်အပိုင်းတွေ ကို လဲလှယ်သုံးနေပြီး ဆက်လက်ပြီး အလုပ်လုပ်နေခဲ့ပါတယ်။ Wall-E  တစ်နေ့မှာတော့  အစိမ်းရောင် သစ်ပင်လေးတစ်ပင်ကိုတွေ့သွားပြီး သူနေတဲ့ နေရာမှာသိမ်းထားလိုက်ပါတယ်။

တစ်ရက်မှာတော့ Eve လို့ခေါ်တဲ့ စက်ရုပ်ကလေးတစ်ရုပ်ရောက်လာ ပြီး Wall-E က Eve ကို မြင်မြင်ချင်း ချစ်သွားပြီး သူနောက်ကို တစ်ကောက်ကောက်လိုက်ပါတော့တယ်။ Eve က လူတွေနေတဲ့ အာကာသ စခန်းက နေ လွှတ်လိုက်တာဖြစ်ပြီး သူ့မရဲ့ တာဝန်ကတော့ ကမ္ဘာပေါ်မှာ အပင်ပေါက်နိုင် မပေါက်နိုင် လာကြည့်တာပဲဖြစ်ပါတယ်။ အဲ့ဒီမှာ Wall-E ရှာတွေ့ထားတဲ့ အပင်လေးကို တွေ့သွားပြီး နောက် သူမတာဝန်ပြီးသွားပြီဖြစ်လို့ ဌာနချုပ်ကို အကြောင်းကြားပြီး သူ့မရဲ့ Program ရပ်သွားပါတယ်။ ဒီလို ရပ်သွားတဲ့ Eve တစ်ယောက်ကို Wall-E ကသွားလေရာ ခေါ်သွားပြီး အရိပ်တစ်ကြည့်ကြည့်နဲ့ အခန်းလေးတွေ ကိုကြည့်ရတာ တကယ့် အချစ်ဇာတ်ဝင်ခန်းလေးတွေ လိုပဲ ကြည်နူးစရာကောင်းသလို၊ ကြေကွဲစရာလေးလည်းဖြစ်နေပါတယ်။ နောက်ဆုံး စခန်းက Eve ကိုလာခေါ်သွားတဲ့ အခါမှာလည်း အာကာသ ထဲအထိ လိုက်သွားသလို၊ လူတွေနေတဲ့ နေရာရောက်တဲ့အခါမှာ ဘယ်လို မထင်မှတ်ထားတာ တွေကြုံတွေ့ရမလည်း ဘာတွေဆက်ဖြစ်မလည်း၊ Eve နဲ့နီးရအောင် ဘယ်လို ကြိုးစား မလည်း ဆိုတာ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်ပါတယ်။

စက်ရုပ်အချစ်ဇာတ်လမ်းလေးကို လှလှပပရိုက်ကူးထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းထည့် ပေးထားတာကလည်း ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပျင်းစရာ ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကြည့်ကြည့်ရင် ဇာတ်ကားကောင်းဖြစ်လို့ မကြည့်ရသေးတဲ့ ပရိတ်သတ်ကြီး မလွတ်တမ်းကြည့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review