Tom Hanks (1956)

Tom Hanks - July 9, 1956 in Concord, California, USA

ဒီတစ်ခါတော့ ပရိတ်သတ်သိပြီးသား မင်းသား ကြီး တစ်ဦးဖြစ်တဲ့ Tom Hanks အကြောင်း ပြောချင်ပါတယ်။ ရုပ်ရှင်တွေကြီးပဲ ပြောနေတာ ဖြစ်လို့ ရုပ်ရှင်ကားတွေရဲ့ဒါရိုက်တာ တွေ မင်းသား တွေ မင်းသမီးတွေ အကြောင်း လည်း သိရအောင် တင်ဆက်ပေးတာပါ။

Tom Hanks ဆိုတာနဲ့ Forrest Gump ကို ပြေးမြင်ကြတဲ့သူတွေများသလို၊ Cast Away နဲ့ လည်း လူသိ များကြပါတယ်။ Terminal, Captain Phillips တို့ကတော့ ဒီဘက်ခေတ် လူငယ်တွေ နဲ့လည်း ရင်းနှီးပါတယ်။

ရုပ်ရှင်ဝါသနာအိုးတွေကတော့ သိကြပေမယ့် သာမန် ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ မသိကြတာက Tom Hanks က Toy Story သုံးကားထဲက Woody ဆိုတဲ့ ကောင်းဘွိုင် ရုပ်ကလေးအဖြစ်လည်း အသံနဲ့ သရုပ်ဆောင် ထားတယ်ဆိုတာပါပဲ။ သူက အချစ်၊ဟာသ၊ ဒရမ်မာ ကားတွေ အများဆုံး ရိုက်ကူးပေမယ့်လည်း ရုပ်ရှင်လောကမှာ အကောင်းဆုံး စစ်ကားတစ်ကားဖြစ်တဲ့ Saving Private Ryan မှာလည်း Captain Miller အဖြစ်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပါသေးတယ်။

Tom Hanks က ၁၉၅၆ ခုနှစ် ဂျူလိုင်လ ၉ ရက်နေ့မှာမွေးဖွားခဲ့ပြီး၊ သူရဲ့ဇာတိကတော့ Concord, California ဖြစ်ပါတယ်။ အမေ ဖြစ်သူ Janet Marylyn (Frager), a hospital worker, နဲ့ အဖေAmos Mefford Hanks ထမင်းချက် တို့ ဖြစ်ပြီး ငယ်စဉ်ဘ၀မှာထဲက အဖေနဲ့ အမေကွာရှင်းခဲ့ပါတယ်။ သူက ကောလိပ်ကျောင်းသားဘ၀မှာ သရုပ်ဆောင် လုံးဝမလုပ်ခဲ့ဖူးပါဘူး။ ကျောင်းက ပြဇာတ်တွေမှာလည်း မပါဖူးခဲ့ပေမယ့်၊ ပြဇာတ်တစ်ခုအတွက် လူရွေးခံခဲ့ရာကစလို့ သူရဲ့ သရုပ်ဆောင် ဘ၀စတင်ခဲ့ပါတယ်။

၁၉၈၀ ခုနှစ်ထုတ် He Knows You're Alone ဆိုတဲ့ Horror ကားနဲ့ ရုပ်ရှင်စတင်ရိုက်ကူးခဲ့ရပြီး၊ 1989 ခုနှစ်ထုတ် Big ဇာတ်ကားနဲ့ ပထမဆုံး Oscar စကာတင်စာရင်းဝင်ခဲ့သလို၊ ၁၉၉၃ ခုနှစ် Philadelphia ဇာတ်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု၊ ၁၉၉၄ Forrest Gump ကားနဲ့ တစ်ဆု၊ နှစ်နှစ် ဆက်တိုက်ရယူပြီး စံချိန်တင်ခဲ့ပါတယ်။  ၁၉၉၈ Saving Private Ryan၊ ၂၀၀၁ Cast Away ဇာတ်ကားတွေ နဲ့ နှစ်ကြိမ်ထပ်မံ ဆန်ကာတင်စာရင်းဝင်ခဲ့ပြီးတော့ စုစုပေါင်း ၅ကြိမ် ဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်။ ငါးကြိမ်လုံး ခေါင်းဆောင် မင်းသား နေရာကနေ ဆန်ကာတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ Captain Phillips မှာလည်း သရုပ်ဆောင်ကောင်းခဲ့ပေမယ့် ဆန်ကာတင်စာရင်းတော့ မ၀င်ခဲ့ပါဘူး။

Tom Hanks က အိမ်ထောင်နှစ်ခါကျခဲ့ပြီး သားသမီး လေးယောက် (တစ်အိမ်ထောင်ကို ၂ယောက်စီ) ထွန်းကားခဲ့ပါတယ်။

သူရဲ့ အောင်မြင်တဲ့ သရုပ်ဆောင်ဘ၀၊ ပီပြင်တဲ့ သရုပ်ဆောင် ကောင်းမွန်မှုတွေကြောင့်၊ ဟောလိဝုဒ် အကျော်အမော်ဖြစ်ခဲ့သလို၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်အဖြစ် လူတိုင်းက လက်ခံထားကြပါတယ်။

သူ့ရဲ့အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Saving Private Ryan ဇာတ်ကားကြောင့် အမေရိကန် ရေတပ်က စစ်သားမဟုတ်တဲ့သာမန်သူတွေကိုပေးတဲ့ အမြင့်ဆုံးဆု (Distinguished Public Service Award) ကိုလည်းရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ A Hologram for the King (Drama)  နဲ့ The Lost Symbol (Drama, Mystery) ကားတွေ ရိုက်ကူးနေပါတယ်။

Tom Hanks ကားကောင်းတွေအားလုံးနီးပါးကြည့်ဖူးပြီး အောက်ကကားတွေကတော့ ကျွန်တော့်အကြိုက် ဆုံး တွေဖြစ်ပါတယ်။

In no particular order,
Forrest Gump, Toy Story 1,2,3, The Green Mile, Saving Private Ryan, Captain Phillips, Terminal, Cast Away, Catch Me If You Can, The Ladykillers, The Da Vinci Code, Angels and Demons, Charlie Wilson's War, Larry Crowne, Cloud Atlas, Saving Mr.Banks တို့ဖြစ်ပါတယ်။

ကျန်ခဲ့တာတွေလည်း ရှိမှာပါ။ ပရိတ်သတ်ကြီးရော Tom Hanks ကိုကြိုက်ကြလား။ ဘယ်ကားတွေ ကို ကြိုက်လည်း။ ဘယ်ကားနဲ့ စကြိုက်တာလည်းဆိုတာလည်း ကွန့်မင့်ပေးပြီး ပြောခဲ့ကြပါဦး။

Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review