Forrest Gump (1994) - Movie Link Included

Forrest Gump (1994) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ပရိတ်သတ် တစ်ယောက်တောင်းဆိုထားတာကြာပါပြီ။ Review ရေးဖို့ကြတော့ မှတ်မိ အောင် ကျွန်တော်ကိုယ်တိုင် ပြန်ကြည့်နေရလို့ မတင်ဖြစ်တာပါ။

Forrest Gump ကို မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပြီး အဲ့ဒီကားနဲ့ပဲ သူ့ရဲ့ဒုတိယမြောက် အော်စကာကို ရယူနိုင်ခဲ့ပြီး ၂နှစ်ဆက်ရတဲ့ ဒုတိယမြောက် သရုပ်ဆောင် ဖြစ်ခဲ့ပါ တယ်။

Forrest Gump က Forrest Gump ဆိုတဲ့ လူငယ်လေး ကို အခြေခံရိုက်ကူးထားပါတယ်။ သူက လူအများလို ဥာဏ်မကောင်းပေမယ့် သူ့ဘ၀မှာ ထူးခြားတာတွေ လုပ်ခဲ့ပြီး မရည်ရွယ်ပဲနဲ့ အမေရိကန်သမိုင်းမှာ ဖြစ်ခဲ့တဲ့ ထူးခြားဖြစ်ရပ်တွေမှာ သူပါဝင်နေပုံကို ရိုက်ကူးထားပါတယ်။ ဒီကားက Romantic Comedy-Drama ဇာတ်ကား ကောင်းတစ်ကားဖြစ်ပြီးတော့ "Stupid is as stupid does" ဆိုတဲ့ စကားလေးနဲ့ Forrest ရဲ့အမေက သားဖြစ်သူကို အမြဲဆုံးမခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ညံ့ဖျင်းတယ်ဆိုတာ ကိုယ်တိုင်ကမကြိုးလို့ဖြစ်ပါတယ်လို့ဆိုပါတယ်။။ တစ်နည်းအားဖြင့် ဥာဏ်ကောင်းတဲ့သူတွေတောင် မကြိုးစားရင် အသုံးမကျတဲ့သူ ညံ့ဖျင်းတယ်သူ ဖြစ်တယ်ပါတယ်။ ညံ့ဖျင်းတာက မွေးရာပါမဟုတ်ပါဘူး၊ ကြိုးစားရင် ဖြစ်တယ်လို့ ဒီရုပ်ရှင်က ပြချင်တာပဲဖြစ်ပါတယ်။

ဒီကားက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး အကယ်ဒမီ ၆ ဆုရရှိခဲ့သလို ပရိတ်သတ် အကြိုက် ဇာတ်ကား ကောင်း တစ်ကားဖြစ်ပါတယ်။ အူကြောင်ကြောင် လူငယ်လေး တစ်ယောက် (ကျပ်မပြည့်တဲ့ လူငယ်လေးပုံစံကို) Tom Hanks ကပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်း တင်ဆက်ပုံလည်း ကောင်းပြီး၊ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုကိုလည်း အဆက်စပ် ကောင်းသလို၊ ၂နာရီကျော်ကြာတဲ့ ဇာတ်ကားတစ်ကားကို တစ်ကားလုံး မပျင်းမရိကြည့်နိုင်အောင် ရိုက်ကူးထားနိုင် တာကလည်း ပညာသားပါပြီး၊ တစ်ကားလုံးကို နောက်ခံစကားပြောနဲ့ ရှင်းပြထားပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ပရိတ်သတ်တွေကြည့်ကိုကြည့်သင့်ပါတယ်။ အချစ်၊ဟာသ၊ စစ်ပွဲ၊ အက်ရှင်၊ အလွမ်း၊ အစုံ ပါဝင်တာဒီကားတစ်ကားပဲ ရှိတယ်လို့တောင် ပြောလို့ရပါတယ်။ အမေရိကန် သမိုင်းက ထင်ရှားတဲ့ဖြစ်ရပ်တွေဖြစ်တဲ့ Watergate Scandal (သမ္မတ Nixon က D.C မြို့က Watergate မှာရှိတဲ့ ပြိုင်ဘက် Democrat ပါတီရဲ့ ရုံးကို ၀င်ရှာခိုင်းတာနဲ့ပတ်သက်ပြီး သမ္မတကိုယ်တိုင် ရာထူးက ဆင်းပေးခဲ့ရတဲ့အထိ ပြသ၁နာကြီးခဲ့ပါတယ်။), JFK Assassination, Black Panther Gathering (လူမဲတွေက လူမျိုးရေးခွဲခြားတာကိုမခံနိုင်လို့ Black Panther ဆိုပြီးအဖွဲဖွဲ့ပြီး လှုပ်ရှားမှုတွေလုပ်တာပါ။) အမေရိကန် သမ္မတတွေဖြစ်တဲ့ Nixon, Kennedy, Johnson တို့နဲ့တွေ့ခဲ့ရသလို၊ Bubba Gump ပုစွန် ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့ပါတယ်။ စစ်တပ်ထဲမှာလည်း Medal of Honor ရခဲ့သလို၊ Ping Pong ချံပီယံ အဖြစ်နဲ့ကမ္ဘာပတ်ကစားခဲ့သလို၊ တရုတ်မှာလည်းသွားကစားခဲ့ပြီး အနိုင်ရခဲ့လို့ နာမည်ကျော်ခဲ့ပါတယ်။ ကလေးဘ၀က ပိုလီယိုဖြစ်ခဲ့ပေမယ့်၊ ကံကောင်းစွာနဲ့ ခြေထောက်ပြန်ကောင်းခဲ့ပြီး၊ သာမန်လူတွေထက်သန်မာခဲ့သလို၊ အပြေးလည်းပိုမြန်ခဲ့ပါတယ်။ ဒါကြောင့် လူငယ်ဘ၀က ဥာဏ်မကောင်း ပေမယ့် အပြေးသန်ခဲ့လို့၊ ကောလိပ် အမေရိကန် ဘောလုံး အသင်း မှာ စကောလားရှစ်ရခဲ့ပြီး Football Star ဖြစ်ခဲ့ပါတယ်။

ဒီလို IQ မကောင်းလွန်းတဲ့ကောင်လေး၊ Single-Minded လို့ခေါ်တဲ့ တစ်ခုတည်းကိုပဲ အာရုံစိုက် နိုင်တဲ့၊ ကလေးဘ၀က ကျောင်းနေခွင့်တောင် မပေးခဲ့လို့၊ အမေကိုယ်တိုင်က နေခွင့်မရရ အောင် လုပ်ယူပေးခဲ့ရသလို၊ လမ်းလျှောက်ရင် Leg Brace တွေနဲ့ လျှောက်ခဲ့ ရတဲ့ ကောင်လေးက နာမည်ကျော်ကြား အောင်မြင်ခဲ့ပေမယ့် သူ့ချစ်ရတဲ့ တစ်ဦးတည်း သောမိန်းကလေး Jenny ကတော့ သူနဲ့ဆန့်ကျင်ဘက် ဘ၀နဲ့ ဖြတ်သန်းခဲ့ပြီး၊ Forrest အနားမှာ အမြဲမရှိနေခဲ့ပါဘူး။ ဒါပေမယ့် သံယောစဉ်မပြတ် ပဲ ချစ်နေခဲ့တဲ့ ပြီး နောက်ဆုံးမှာ ဘယ်လို ထူးခြားမှုတွေနဲ့ ကြုံတွေ့ရမလည်း၊ ဘာတွေ များ အံ့သြစရာလုပ်ပြသွားမလည်းဆိုတာ ပရိတ်သတ် ကြီး ကိုယ်တိုင် ကြည့်ရှုခံစားနိုင်မှာပါ။

ဒီကားက ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ မိသားစုတူတူကြည့်နိုင်ပါတယ်။ အမေရိကန် နိုင်ငံ အကြောင်း အနည်းငယ်သိထားရင် ပိုကြည့်လို့ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော် အထက်မှာ ပြောခဲ့သလိုပဲ ထူးခြားတဲ့ သမိုင်းဝင် ဖြစ်ရပ်တွေနဲ့ Forrest Gump ရဲ့ ဘ၀ အပြောင်းအလဲတွေ ကို တွဲပြီးပြထားလို့ပါ။

ကြည့်ကိုကြည့်သင့်ပါတယ်။

#Sololay

Movie Link - http://watch32.com/movies-online/forrest-gump-3099

Fun Fact - Bubba Gump Shirmp Co. က အပြင်မှာတကယ်ရှိပြီး ၁၉၉၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ Forrest Gump ရုပ်ရှင်ကိုကြည့်ပြီး အကြံရသွားကာ အဲ့ဒီ နာမည်နဲ့ ပုစွန်ကုမ္ပဏီ ကို တည်ထောင်ခဲ့ပါတယ်။

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review