The Bourne Identity (2002)

The Bourne Identity (2002) - Movie Link Included

(Family-Oriented, Must See Movie)
Movie Link - http://watch32.com/movies-online/the-bourne-identity-238

ဒီကားကတော့ Matt Daemon ရဲ့ အကောင်းဆုံး ဇာတ်ကား တစ်ကားဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အကောင်းဆုံး Action, Spy, Thriller ဇာတ်ကားပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော၊ ရုပ်ရှင်ဝေဖန်သူတွေ ပါ တစ်ညီတစ်ညွတ်ထဲ ထောက်ခံအားပေးမှုကိုရထားပြီး၊ လက်ရှိအချိန် အထိ သူလောက်ကောင်းတဲ့ အက်ရှင် ကားကောင်း မထွက်လာသေးဘူးလို့ တောင် သတ်မှတ်ထားပါတယ်။ ကျွန်တော့် အကြိုက်ဆုံး ကားတွေထဲကတစ်ကားဖြစ်သလို၊ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ သရုပ်ဆောင် ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ထုတ် Taken က အက်ရှင် Scene တွေအရ ကောင်းပေမယ့် ဇာတ်လမ်းမှာတော့ Bourne ကားတွေကို လုံးဝမမှီပါဘူး။ The Bourne Identity ဇာတ်ကားရဲ့ နောက်က ၂ ကားလည်း သူ့လိုပဲကောင်းပေမယ့် ဒီကားကို ဦးစားပေး ပြီး အရင်တင်လိုက်ပါတယ်။

CIA ကားကောင်းတောင်းဆိုထားတဲ့သူတွေ၊ အက်ရှင်ကားကောင်းကြည့်ချင်နေတဲ့သူတွေ၊ Matt Daemon ရဲ့ ပရိတ်သတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Spoiler Alert ..

ဇာတ်လမ်းကတော့ မင်းသား Matt Daemon က အတိတ်မေ့ပြီး ရေထဲမှာမျောနေတာကို ငါးဖမ်းလှေတစ်စီးက ကယ်တင် လိုက်ပါတယ်။ အဲ့ဒီမှာ သူ့ရဲ့ကိုယ်မှာ သေနတ်မှန်ထားသလို၊ တင်ပါးထဲမှာလည်း ဘဏ်အကောင့် နံပါတ် ပါတဲ့ Laser Pointer ကို အသားထဲ့ ထည့်မြုပ်ထားပါတယ်။
အဲ့လို နဲ့ သူ့အတိတ်မေ့နေတာကို ပြန်သတိရအောင် သဲလွန်စလိုက်ရှာရင်းနဲ့  သူထင်ထားသလို သူက သာမန် လူတစ်ယောက်မဟုတ်ပဲ CIA ရဲ့ Highly Train Assassin တစ်ယောက်ဖြစ်နေတယ်ဆိုတာကို သိသွားပြီးနောက်မှာတော့ သူကို လိုက်သတ်နေတဲ့သူတွေလက်က လွတ်အောင်ရှောင်ရင်း သူ့အတိတ်ကို ပြန်သတိရအောင် ကြိုးစား ရင်း CIA နဲ့ ထိပ်တိုက်တွေ့ကြပုံတွေကို အက်ရှင်ကောင်းကောင်း နဲ့ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ဒီကားက ကြည့်ဖူးသမျှ ဒီဘက်ခေတ်ကားတွေ ထဲ ကျွန်တော့် အကြိုက်ဆုံး အက်ရှင်ကားဖြစ်ပါတယ်။ တစ်ကားလုံး မပျင်းမရိပဲ ကြည့်ရမှာဖြစ်ပြီး၊ စိတ်လှုပ်ရှား စိတ်ဝင်စားစရာ ကောင်းတဲ့ ကားတစ်ကား ဖြစ်ပါတယ်။

ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပြီး မိသားစု တူတူကြည့်ရှုနိုင်ပါတယ်။ Sex Scene တစ်ခန်ပါပေမယ့် စက္ကန့်ပိုင်းပဲဖြစ်ပြီး၊ ဘာမှ သေချာမပြထားပါဘူး။ အက်ရှင်ကား၊ စပိုင်ကား ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review