White House Down (2013)

#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar
ပရိတ်သတ်ကြီးကို ဒီတစ်ခါ အက်ရှင်ဇာတ်ကားကောင်းတစ်ကား
Independence Day (Will Smith, 1996), Godzilla (Matthew Broderick, 1996), The Patriot (Mel Gibson, 2000), The Day After Tomorrow (Dennis Quake, Jake Gyllenhaal, 2004), 10,000BC (2008), 2012 (John Cusack, 2009) တို့ကတော့ သူရဲ့ လူသိများတဲ့ကားတွေဖြစ်ပြီး သရုပ်ဆောင် အင်အားများများနဲ့ ရိုက်ကူးထားတာတွေ့ရမှာပါ။
ဒီဇာတ်ကားတွေကို ကြိုက်နှစ်သက်ခဲ့တဲ့ ပရိတ်သတ်တွေကတော့ White House Down မှာ Roland Emmerich ရဲ့ လက်၇ာကို ပြန်ပြီးခံစားကြရမှာပါ။
ဇာတ်လမ်းကတော့
အမေရိကန်သမ္မတ (Jamie Foxx) က အရှေ့အလယ်ပိုင်းက နေ အမေရိကန် တပ်တွေကို ပြန်ဆုတ်ခွာဖို့ အဆိုတင်သွင်းထားပါတယ်။ ဒါကို ကာကွယ်ရေး (စစ်တပ်) နဲ့ စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရထဲကလူတစ်ချို့က သဘောမကျပါဘူး။ ဒါကြောင့် သမ္မတအိမ်ဖြူကို ၀င်စီးချိန်မှာ မင်းသား Channing Tatum က အိမ်ဖြူတော်မှာ Secret Service (သမ္မတရဲ့ လုံခြုံရေးအဖွဲ) အလုပ်အတွက် အင်တာဗျူးလာရင်း သူ့သမီးကို အိမ်ဖြူတော် ထဲ အလည်ခေါ်လာတာနဲ့ ကြုံပြီး Channing Tatum က သမ္မတကို ကယ်တင်ဖို့ တစ်ကိုယ်တော် စွန့်စားရတဲ့ ဇာတ်လမ်းပါ။
ရုပ်ရှင်ကတော့ ရိုးရိုး သာမန် အက်ရှင်ဇာတ်ကား တွေလိုပါပဲ။ ထူးထူးခြားခြား ကောင်းတာက အက်ရှင်ခန်းတွေပါ။ အက်ရှင်ကြိုက် ပရိတ်သတ်တွေ တ၀ကြီးကြည့်ရမှာပါ။ နောက်ပြီး Independence Day နဲ့ The Day After Tomorrow မှာလို အမေရိကန်အစိုးရ၊ စစ်တပ်၊ နဲ့ လူတွေအများကြီး ပါဝင်တဲ့ အက်ရှင်ခန်းတွေ၊ စကားပြောခန်းတွေ နဲ့ မရိုးရအောင် ရိုက်ထားပါတယ်။ တစ်ခုပဲပြောစရာရှိတာက ဇာတ်လမ်း အစပျိုးနေတဲ့အချိန်မှာ ၁၉၉၀ ကျော် ခေတ်က ဇာတ်ကားတွေလိုမျိုး ပရိတ်သတ်ကို သဲလွန်စတွေ ပေးထားတာတွေ့ရပါတယ်။ နောက်အခန်းမှာပြန်ပါမယ့် အချက်တွေကို အရှေ့ပိုင်း စကားပြောခန်းတွေမှာ သုံးထားတာတွေဟာ သိသာလွန်းပါတယ်။ ဒါပေမယ့် ဇာတ်ရှိန်မြင့်လာတာနဲ့ အမျှ ဇာတ်လမ်းက ပရိတ်သတ်တွေကို မပျင်းရအောင် စွဲဆောင်သွားနိုင်တာကြောင့်
ဒါအပြင် အမေရိကန် သမ္မတအိမ်ဖြူတော် ရဲ့ဖွဲစည်းပုံ၊ လုံခြုံရေးတင်းကြပ်ထားပုံတေ
အက်ရှင်ပရိတ်သတ်တွေ အတွက် မလွတ်တမ်းကြည့်သင့်တဲ့ကားဖြ
အရမ်းကောင်းတဲ့ဇာတ်ကားပါ။
(ဒီနှစ်အတွက်အကြိုက်ဆုံးကား
#Sololay
Movie link
http://viooz.co/movies/
Comments
Post a Comment