La La Land
La La Land (2016) - Spoiler Movie Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကား ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီပေးပွဲမှာ ဆန်ကာတင်စာရင်း ၁၄ မျိုးမှာ ပါပြီး အများဆုံး အဖြစ် Titanic နဲ့ All About Eve တို့ နဲ့ တူသွားခဲ့ပါတယ်။ La La Land က Musical ဇာတ်ကားဖြစ်သလို၊ Hollywood က သရုပ်ဆောင် ဖြစ်ချင်တဲ့ သူတွေ၊ နာမည်ကြီးချင်လို့ ရောက်လာတဲ့ သူတွေ အကြောင်း ထင်ဟပ်ပြထားတာဖြစ်ပါတယ်။ Musical တွေ ဒီဘက်ခေတ်နောက်ပိုင်းမှာ သိပ်ခေတ်မစားတော့ပေမယ့်၊ La La Land က တစ်ဖန်အသက်ပြန်သွင်းပေးခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။ ဒီကားအကြောင်း ပြောမယ်ဆိုရင် Spoiler အနေနဲ့ ပြောရ မှာဖြစ်သလို ထွက်ထားတာလည်း ကြာပြီဖြစ်လို့ Spoiler အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းမှာ Ema Stone ရဲ့Mia ဇာတ်ကောင်က သရုပ်ဆောင်ဖြစ်ချင်လို့ Los Angeles ကိုရောက်လာပေမယ့် ၆ နှစ်ကြာအပြီးမှာ ဘာသရုပ်ဆောင် အလုပ်မှ မရဖြစ်နေပြီး၊ ငွေကိုင် တစ်ယောက်အဖြစ်သာ ကော်ဖီဆိုင် တစ်ဆိုင်မှာလုပ်ရင်းနဲ့ ရုပ်ရှင် Audition တွေတစ်ခုပြီးတစ်ခု ၀င် အရွေးခံနေရပါတယ်။ Ryan Gosling ရဲ့ ဇာတ်ကောင် Sebastian က စားသောက်ဆိုင်တွေမှာ ပီယာနိုတီး တဲ့သူဖြစ်ပြီး၊ သူက Jazz Music ကို မြတ...
Comments
Post a Comment