Tropic Thunder ( 13 August 2008)
![](https://scontent-b-sjc.xx.fbcdn.net/hphotos-ash3/552737_1419845884902171_1671326698_n.jpg)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar
ဒီတစ်ခါတော့ အက်ရှင်ဟာသကားလေးတစ်ကားနဲ့ ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ Tropic Thunder လို့ခေါ်တဲ့ ဇာတ်ကားမှာ Iron Man မင်းသား Robert Downing Jr. ၊ Fockers ကားတွေနဲ့ ပရိတ်သတ်ကြိုက် မင်းသားဖြစ်လာတဲ့ Ben Stiller တို့အဓိကသရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းထဲမှာပါတဲ့ သရုပ်ဆောင်
ငါးယောက်က ဇာတ်လမ်းထဲမှာလည်း ရုပ်ရှင်သရုပ်ဆောင်တွေပါပဲ။
ဒီဇာတ်ကားက ဇာတ်လမ်း ဇာတ်အိမ်ကလည်း တစ်ခြားကားတွေနဲ့ မတူ၊ တမူထူးခြားပါတယ်။ ဇာတ်လမ်းအစမှာထဲက Fake Trailer တွေနဲ့ သရုပ်ဆောင်တွေ ရဲ့ ဇာတ်ကောင်တွေကို မိတ်ဆက်ထားတာကလည်း ထူးထူးခြားခြားလည်းဖြစ်သလို
ဇာတ်ကားတစ်ကားလုံးမှာ ထူးထူးခြားခြား ပရိတ်သတ်ကြိုက်ကြမှာကတော့ Robert Downing Jr. ပဲဖြစ်ပါတယ်။ Iron Man မင်းသား (သြစတြေးလျလူမျိုး) ရဲ့ အာဖရိကန် အမေရိကန် စတိုင် သရုပ်ဆောင်ချက်ကို အာဖရိကန်အမေရိကန် စစ်စစ် တွေတောင် သဘောကျ ကြပါတယ်။ ဇာတ်ရှိန်အတက်အကျ မှန်မှန်နဲ့ ပရိတ်သတ်ကို ဖမ်းစားထားနိုင်ပါတယ်။ စ၊လယ်၊ဆုံး အက်ရှင်ဟာသ ကို ပြည့်ပြည့်၀၀ ခံစားရမှာဖြစ်ပြီး၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်း ထိပ်တန်းပါပဲ။ Ben Stiller က ဒီဇာတ်ကားကို ကိုယ်တိုင်ေ၇းသား၊ရိုက်ကူး၊ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြ
ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားပါ။ မလွတ်တမ်းကြည့်သင့်တဲ့ ကားပါတယ်။ မိသားစုတူတူကြည့်ဖို့ကတော့ မသင့်တော်ပါဘူး။ ပျက်လုံးတစ်ချို့က ညစ်ညမ်းစကားလုံးတွေပါပြီး၊ လိင်နဲ့ပတ်သက်တဲ့ ဟာသတော်တော်များများသုံးထား
Rated R ဖြစ်ပြီး ၁၈နှစ်အောက် ကလေးများ မိဘမပါပဲ မကြည့်သင့်ပါ။(No Sex, some male Nudity) ပါ။
#Sololay
Movie Link
http://watch32.com/
Comments
Post a Comment