Monsters Inc. (2001)

Monsters Inc. (2001)
#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar

ဒီဇာတ်လမ်းကတော့ ၂၀၀၁ ခုနှစ်ကတည်းက ထွက်ထားပေမဲ့ မကြည့်ရသေးသူများ၊ Monsters ကာတွန်းဇာတ်ကောင်နဲ့ အကျွမ်းတ၀င်မရှိသေးသူများအတွက် ဒီရုပ်ရှင်နဲ့ အနည်းငယ် မိတ်ဆက်ပေးလိုပါတယ်။

Monsters Incorporation ဆိုတာက
ကြေက်စရာ သတ္တ၀ါကြီးများ နေထိုင်တဲ့ ကမ္ဘာအတွက် လျှပ်စစ်မီးရရှိဖို့ရာ ကလေးငယ်(လူသား)တွေကို ကြောက်ရွံ့အောင် ခြှောက်လှန့်ပြီး ကလေးသူငယ်ရဲ့အော်ဟစ်သံနဲ့ လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့လုပ်ငန်းပါ။ ဒီလုပ်ငန်းမှာ Mike က သူ၏ (Monsters University) ကျောင်းနေဖက် သူငယ်ချင်းလည်းဖြစ်ပြီး ကြောက်စရာအကောင်းဆုံး သတ္တ၀ါအဖြစ်လည်း လုပ်ကိုင်နေတဲ့ Sullivan ရဲ့ အကူအဖြစ် အလုပ်အတူတွဲလုပ်ရင်း မထင်မှတ်ဘဲ ပြိုင်ဘက်ဝန်ထမ်းတချို့ရဲ့ မသမာမှုကို တွေ့မြင်ခဲ့ရပါတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ အဲဒီလို မရိုးမသားလုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်နိုင်ပါ့မလာား၊ မသမာသူတွေ လက်ထဲက ကျရှုံးလုနီးနီး Monsters Incorporation လုပ်ငန်းကို အချိန်မီ အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကို ရှုစားရမှာပါ။ 
ရိုက်ကူးတင်ဆက်ပုံ၊ ဖန်တီးပုံ၊ ဇာတ်လမ်းဇာတ်ကွက် ပြောစရာမရှိအောင် ကောင်းတဲ့ ဇာတ်ကားတကားပါ။

Rated G ဖြစ်တာကြောင့် ကလေးလူငယ်လူကြီးအရွယ်စုံ ကြည့်ရှုနိုင်ပါတယ်။ ရုပ်ရှင်မိတ်ဆက် ပရိသတ်များအတွက် ကြည့်ရမဲ့ လင့်ခ်တွေပါ တပါတည်းထည့်ပေးထားတာမို့ ဇာတ်လမ်းအစအဆုံးကိုတော့ တီဗွီဖန်သားပြင်မှာ ဆက်လက် ကြည့်ရှုရင်း ပျော်ရွှင်ဖွယ် အားလပ်ရက်ကို ကုန်ဆုံးကြရအောင်။
ကြည့်သင့်တဲကားတကားပါ။

Admin #Jisu

Movie link
http://watch32.com/movies-online/monsters,-inc-2723

Comments

Popular posts from this blog

The Hobbit: The Desolation of Smaug - Preview

The Mortal Insturments: City of Bones (2013)