The Family (2013)

#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar
ဒီတပတ်ကတော့ The Family ဆိုတဲ့ အက်ရှင်၊ဟာသကားနဲ့ မိတ်ဆက်ပေးသွားပါမယ်။ ဇာတ်လမ်းကောင်းမဟုတ်ပေမယ့် အသစ်ထွက်ကားဖြစ်လို့ ဇာတ်လမ်းအကြောင်း ပရိတ်သတ်ကြီးသိအောင် တင်ဆက်ပေးထားတာပါ.။
ဇာတ်လမ်းအကျဉ်းကတော့..
Robert De Niro က အရင် Italian Mafia ဂိုဏ်းဝင် တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ သူ့အဖွဲ့ကို သစ္စာဖောက်ပြီး ရဲဘက်က သက်သေလိုက်ခဲ့လို Witness Protection နဲ့နေနေရတာဖြစ်ပါတယ်။ Witness Protection Program က အမေရိကားမှာ အစိုးရဘက်က သက်သေလိုက် ပေးတဲ့သူတွေ ကို လူဆိုးတွေ ရန်ကနေ လွတ်အောင် အစောင့်အရှောက်နဲ့ ထားပေးရတာ ကိုခေါ်တာပါ။ သူတို့နိုင်ငံမှာက မာဖီးယားဂိုဏ်းခေါင်းဆောင်ေ
မူးယစ်ဆေးဝါး ရောင်းဝယ်နေတဲ့ သူတွေကို ရဲကဖမ်းမိခဲ့ရင် ရဲဘက်က သက်သေ လိုက်ပေးမယ့်သူကို အပျောက်ရှင်းတတ်ကြပါတယ်။ ဒါမှ သက်သေမရှိရင် သူတို့ ကို ထောင်ချလို့မရတော့ပါဘူး။ အထူးသဖြင့် တကယ့်ဆရာကြီးတွေက ထောင်ထဲေ၇ာက်သွားပြီးတာတောင
ဇာတ်လမ်းနာမည်က The Family ၊ မိသားစုဟာသလို့ ဆိုပေမယ့် မိသားစု ကြည့်ဖို့မသင့်တော်ပါဘူး။ ဇာတ်လမ်းထဲက တစ်ချို့ဇာတ်ကွက်တွေက လိုတာထက်ပိုပြီး အကြမ်းဖက် တဲ့အခန်းတွေပါပါတယ်။ ဇာတ်လမ်းကလည်း ယုတ္တိရှိအောင်ရိုက်ထားပေ မယ့် မလိုအပ်တဲ့အခန်းတွေ ပါနေသလို၊ တစ်ချို့ ဇာတ်ဝင်ခန်းတွေကလည်း ဟာသဖြစ်အောင်ပြထားပေမယ့် ရှုပ်ထွေးလွန်းပါတယ်။ ဇာတ်လမ်းက အထနှေးပြီး အဆုံးသတ်ပိုင်း ပဲ စိတ်ဝင်စားစရာရှိပါတယ်။ ဇာတ်ရှိန်တက်နေချိန်မှာပဲ ဇာတ်လမ်းက ပြိးသွားပါပြီ။ ဇာတ်လမ်းမှာ Robert De Niro ရဲ့အကြောင်းကို သေချာမရှင်းထားပါဘူး၊ ရဲနဲ့ပေါင်းခဲ့လို့ သစ္စာဖောက်အဖြစ် သတ်မှတ်ခံရတာ ကိုပဲအဓိကထားပြပြီး ဘာလို့ ရဲနဲ့ပေါင်းရတယ်၊ ဘာကြောင့် သစ္စာဖောက်တယ် ဆိုတာမပါပါဘူး။ သရုပ်ဆောင်တွေအနေနဲ့ကတော့ ပြောစရာမရှိပေမယ့် ဇာတ်လမ်းက ရိုးပါတယ်။ ပြချင်တာတွေလည်းများနေပြီး၊
ယုတ္တိမရှိဆုံးကတော့ ထောင်ကျနေတဲ့ လူဆိုးခေါင်းဆောင်က သူတို့နေတဲ့နေရာကို သိသွားတဲ့အခန်းပါ။
သူ့တပည့်တွေက နေတဆင့် Robert De Niro ကိုရှာနေတာ နှစ်ပေါက်နေပါပြီ။
နောက်ဆုံးတွေ့မယ့် တွေ့တော့၊ ထောင်ထဲကို ထောင်စောင့်က ယူလာပေးတဲ့ ၀ိုင်ပုလင်းမှာ ပတ်ထားတဲ့ ပြင်သစ်သတင်းစာ မှာ ပါတဲ့ (If it’s good enough for you, it’s good enough for me) ဆိုတဲ့ စာကြောင်းလေးတစ်ကြောင်းကြော
တီဗွီမှာ နာရီဝက် သို့မဟုတ် တစ်နာရီစာ လာတဲ့ တစ်ခန်းရပ် ဇာတ်လမ်းတွဲတွေ (တစ်ချိန်က Charles Angels လိုမျိုး) ကြည့်ရသလိုပါပဲ။ နောက်ထပ် သုံးလေးပိုင်း လောက်ထပ်ကြည့်ရမှ ဇာတ်ရည်လည်သွားမှာပါ။
အခွေထွက်မှပဲအိမ်မှာပဲကြည့်
Rated R ဖြစ်လို့ ကလေးတွေမိဘမပါပဲမကြည့်ရပါဘူ
#Sololay
Comments
Post a Comment