The Counselor - 2013 ( Brad Pitt ) - Preview

ဒီဇာတ်ကားကလည်း သာမန် Crime/Thriller/Drama ကားတစ်ကားပါပဲ။ သာမန်ရှေ့နေတစ်ယောက်က မူးယစ်ဆေးဝါး ခိုးသွင်းရာကနေ ဘိန်သမားတွေ၊ လူဆိုးဂိုဏ်းတွေ နဲ့ ပတ်သက်မိပြီး သူရဲ့ ဘ၀ကို ပါ ဒုက္ခပေးလာတယ်ဆိုတဲ့ ဇာတ်လမ်းပါ။ Trailer မှာ ဇာတ်လမ်းကို သေချာမပြထားတော့ ဘာကို မှမျှော်လင့်လို့မရနိုင်ပါဘူး။ အထူးသဖြင့်
ဇာတ်လမ်းမှာ ထူးထူးခြားခြားလှည့်ကွက်မပါလောက် ဘူးဆိုရင် Trailer ကလည်း ဇာတ်လမ်းကို သေချာ ကြိုမပြောထားပါဘူး။ ဒါကြောင့် ဒီကားက သာမန် ဇာတ်ကားတစ်ကား လောက်ပဲဖြစ်မယ်လို့ ပြောရတာပါ။

အောက်တိုဘာလ ၂၅ ရက်နေ့ မှာ ရုံတင်မှဖြစ်ပြီး နာမည်ကြီးမင်းသား Brad Pitt လည်းပါဝင်ထားပြီး ဒီကားမှာတော့ ဘိန်းရာဇာ တစ်ယောက်အနေနဲ့ ပါဝင်ထားတဲ့ပုံပါပဲ။ မင်းသမီးချော တွေဖြစ်တဲ့ Penelope Cruz (Pirate of the Caribbean:On Stranger Tides), Cameron Diaz (Knight And Day) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။

Sololay


Comments

Popular posts from this blog

The Hobbit: The Desolation of Smaug - Preview

The Mortal Insturments: City of Bones (2013)