Thor Origin by ရုပ်ရှင်မိတ်ဆက်

Thor Character မိတ်ဆက်




ရုပ်ရှင်ပဲကြည့်ပြီး Thor ရဲ့အကြောင်းကို သေချာမသိသေးသူတွေအတွက် မိတ်ဆက်ပေးမှာပါ။
Thor ကို Marvel Comic က (1962) မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ Comic Book Heroes တွေရဲ့ ထုံးစံ အတိုင်း ဟီးရိုးတွေကို ခေတ်ကာလ နဲ့ အညီ အသစ်ပြန်ပြန်ပြီး မိတ်ဆက်ရပါတယ်။ ဒါကြောင့် Thor မှာလည်း ကွဲပြားတဲ့ ဇာတ်လမ်းတွေရှိပါတယ်။

Thor က Odin လို့ခေါ်တဲ့ နတ်မင်းကြီးရဲ့ သားဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်မှာ သူ့ကို လက်နှက်အဖြစ် တူတစ်လက် (Mjolnir) ကိုပေးအပ်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအားတွေက အဲ့ဒီလက်နှက်ကနေရတာဖြစ်ပြီး သူ့ရဲ့တူကို သူကလွဲရင် ဘယ်သူမှ ကိုင်လို့မရပါဘူး။ (သူ့အဖေ Odin ကရုပ်ရှင်ထဲမှာ လက်နှက်ကို ပြန်သိမ်းခဲ့တာလွဲရင်ဘယ်သူမှ မလို့ရပါဘူး။) Hulk တောင်မှ သူ့ ရဲ့တူကို မလို့မရပါဘူး။ သူက God Of Thunder ဆိုတဲ့အတိုင်း မိုးကြိုး လျှပ်စီးက သူ့ရဲ့ စွမ်းအားဖြစ်သလို သူ့ရဲ့ တူကိုသုံးပြီး လေထဲမှာတောင် ပျံသန်းနိုင်ပါတယ်။ ငယ်ရွယ်စဉ်မှာ တစ်ကိုယ်ကောင်းဆန်ပြီး၊ တစွတ်ထိုးလုပ်တတ်ပေမယ့် နောက်ပိုင်းမှာတော့ Avenger အဖွဲရဲ့ အဓိက အဖွဲ့ဝင်ဖြစ်လာပြီး ကမ္ဘာကြီးကို ဘေးအန္တရာယ်အမျိုးမျိုးက နေကယ်တင်ခဲ့ပါတယ်။

Comments

Popular posts from this blog

The Hobbit: The Desolation of Smaug - Preview

The Mortal Insturments: City of Bones (2013)