Thor (2011) - Movie Link Included

Thor (2011)

ရုပ်ရှင်မိတ်ဆက်



နိုဝင်ဘာ ၈ ရက်နေ့မှာ Thor: The Dark World ရုံတင်ပြသ တော့မှာဖြစ်လို့ သူ့ရဲ့ ရှေ့က Thor ပထမကားကို ပြန်ပြီး Review လုပ်ထားပါတယ်။

ဒီကားမှာ Thor ကို မသိသေးတဲ့ ပရိတ်သတ်တွေ သိလာအောင် Thor ဆိုတဲ့ ဇာတ်ကောင် ဖြစ်လာပုံကို ရိုက်ကူးထားပါတယ်။ Comic Book Hero တွေကိုရုပ်ရှင်ရိုက်တိုင်းမှာ ကာတွန်းထဲက အတိုင်း အကုန် မကူးပဲနဲ့ လက်ရှိ ခေတ်ကာလနဲ့ ကိုက်ညီအောင် ဇာတ်လမ်းရေးပြီး အဲ့ဒီဇာတ်ကောင်ကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် အရှေ့ကမ္ဘာက ပရိတ်သတ်တွေက Superman, Batman, Spiderman လောက်ပဲ ရင်းနှီးပြီး ကျန်တဲ့ ကာတွန်းဇာတ်ကောင်တွေကို မသိကြတာများပါတယ်။ Man Of Steel, The Dark Knight Trilogy, Spiderman Trilogy, Iron Man Trilogy, Hulk စတဲ့ ရုပ်ရှင်တွေက ကာတွန်း ဟီးရိုးတွေကို အောင်အောင်မြင်မြင်နဲ့ ရုပ်ရှင် ဇာတ်ကားအဖြစ်ရိုက်ကူးနိုင်ခဲ့တဲ့ ကားတွေဖြစ်ပါတယ်။ 

Thor ဇာတ်ကားကိုရိုက်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကတစ်ခုကတော့ Thor ကို Avenger ဇာတ်ကားရိုက်ဖို့အတွက် ပရိတ်သတ်နဲ့မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်။ Avenger ဆိုတာ Marvel ကာတွန်း ထဲက Superheros အဖွဲဖြစ်ပြီး Captain America, Thor, Iron Man, Antman, The Wasp and Hulk တို့ပါဝင်ပြီး DC Comic ရဲ့ Superhero အဖွဲ့ဖြစ်တဲ့ Justic League နဲ့ အပြိုင်နာမည်ကြီးပါတယ်။
ဒီကားမှာ Thor ရဲ့ ဇာတ်ကောင်ကို မိတ်ဆက်ထားတာ စိတ်ဝင်စားဖို့ကောင်းပေမယ့် ဇာတ်လမ်းကျောရိုးက ရိုးစဉ်းပါတယ်။ ဇာတ်အိမ်တည်ထားတာလည်း သိပ်ပြီး စိတ်ဝင်စားဖို့မရှိသလို၊ Emotion လည်း များများမပါပါဘူး။ Thor က DC Comic တွေကို ရိုက်ထားတဲ့ ရုပ်ရှင်တွေလို ဇာတ်အိမ်ကြီးကြီးနဲ့ ကွင်းစက်မိမိ နက်နက်ရှိုင်းရှိုင်း ဇာတ်လမ်းမျိုးမဟုတ်ပဲ ပေါ့ပေါ့ပါးပါး ပဲရိုက်ကူးထားပါတယ်။

မင်းသား Chris Hemsworth ကတော့ Thor အဖြစ်နဲ့ ပီပိပြင်ပြင် သရုပ်ဆောင်နိုင်ပါတယ်။

ဇာတ်လမ်းဇာတ်ကွက် ရိုးရှင်းပြီး သာမန် အပျင်းပြေကြည့်သင့်တဲ့ကားတစ်ကားပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ (No Sex, No Nudity, No Gory) Rated PG-13 ပါ။

#Sololay

Movie Link
http://watch32.com/movies-online/thor-283238/full.html

Comments

Popular posts from this blog

The Hobbit: The Desolation of Smaug - Preview

The Mortal Insturments: City of Bones (2013)