Riddick (6 September 2013) #ရုပ်ရှင်မိတ်ဆက် #MoviesForMyanmar ဒီဇာတ်ကားက လွန်ခဲ့တဲ့ ၁၃နှစ်ကျော်က ပြသခဲ့တဲ့ Pitch Black (2000) ဇာတ်ကားရယ်၊ ၂၀၀၄ ခုနှစ်ကထွက်ခဲ့တဲ့ The Chronicles of Riddick ( Pitch Black 2) ဇာတ်လမ်းတွဲတွေရဲ့အဆက်ပါ။ ဇာတ်လမ်းအကြောင်းနဲနဲပြောရရ င် Riddick ဇာတ်လမ်းတွဲတွေက အနာဂတ် ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး၊ ဂြိုလ်တွေတစ်ခုနဲ့တစ်ခု အလွယ်တစ်ကူသွားလာနိုင်နေတဲ့ ခေတ်ဖြစ်ပါတယ်။ Riddick အဖြစ်သရုပ်ဆောင်တဲ့ Vin Diesel က နာမည်ကြီးလူသတ်သမားဖြစ်ပြီး တော့၊ သူ့ကို အသေရရအရှင်ရရ ဖမ်းဖို့ ဆုကြေးထုတ်ထားခံရတဲ့ သူဖြစ်ပါတယ်။ ဒီကားက ပထမဆုံးထွက်ခဲ့တဲ့ Pitch Black နဲ့ ဇာတ်အိမ်အနည်းငယ် ဆင်တူပြီး ဒုတိယမြောက်ကားရဲ့အဆက်ဖြစ်ပါတယ်။ Riddick က ဒုတိယကားမှာ necromonger လို့ခေါ်တဲ့ မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင်ဖြစ်သွားပြီး အခုကားမှာ သူ့နောက်လိုက်တွေရဲ့ သစ္စာဖောက်ခံရပြီး အမည်မသိဂြိုလ်တစ်ခုပေါ်မှာ သောင်တင်နေတာဖြစ်ပါတယ်။ သူက Furyan လူမျိုးစုကလာတာဖြစ်ပြီး သူ့ရဲ့ နေရပ်ဖြစ်တဲ့ Furya ကိုသွားရှာရကနေ လမ်းမှာသောင်တင်တာဖြစ်ပါတယ် ။ အသေးစိတ်ကိုပြောမှာမဟုတ်ပဲ ရုပ်ရှင်အပေါ်ကျွန်တော်ရဲ့အြ မင်ကိုခြုံငုံသုံးသပ်...