R.I.P.D (2013) - Movie Review

R.I.P.D (2013) - Movie Review



#ရုပ်ရှင်မိတ်ဆက်



ဒီကားက ၁၉၉၀ ကျော်တုန်းက ထွက်ခဲ့တဲ့ MIB ကို ခိုးချထားတာဖြစ်ပြီး အိုင်ဒီယာအနည်းငယ် ပြောင်းရုံက လွဲပြီး ဘာမှမထူးခြားပါဘူး။ ဇာတ်လမ်းမှာ Ryan Reynolds က ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လူဆိုးတွေ နဲ့ ပစ်ကြခတ်ကြရင်းနဲ့ သူ့ရဲ့ Partner က လုပ်ကြံလို့ သေသွားခဲ့ပါတယ်။ သေသွားပေမယ့် သူ့ကို ကြားထဲက R.I.P.D လို့ခေါ်တဲ့ Rest in Peace Department က ဆွဲခေါ်ထားပြီး သူတို့ဆီမှာ အမှုထမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။

သူတို့အဖွဲ့ Demon တွေငရဲပြည်က လွတ်လာတာ လူတွေကြားမှာခိုးနေနေ တာတွေကို ရှာဖွေ ပြီး ဖမ်းဆီးရတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Demon တွေက (Ryan Reynolds ရဲ့ လူဘ၀တုန်းက Partner ဖြစ်သူက လူယောင်ဆောင်ထားတဲ့ ငရဲသားဖြစ်ပါတယ်။) ရှေးဟောင်း အင်းချပ် တစ်ခုကို စုဆောင်းနေတာဖြစ်ပြီး အဲ့ဒီ ပစ္စည်းက လူသေတွေကို လူပြည်ပြန်ခေါ်နိုင်မှာဖြစ်ပြီး ငရဲသားတွေ လူပြည်လာဖို့ လုပ်တာဖြစ်ပါတယ်။ ဒီလို ဇာတ်ကားတိုင်းရဲ့ ဇာတ်လမ်းကျောရိုးဖြစ်ပြီး၊ ဘာမှမထူးဆန်းပါဘူး။ R.I.P.D ဆိုတာကလည်း Men in Black ကို ခိုးချထားတာဖြစ်ပြီး၊ Men in Black ရဲ့ Idea တွေ အများကြီး တွေ့ရပေမယ့်၊ Men in black လောက်မကောင်းပါဘူး။ ဇာတ်လမ်းက စိတ်ဝင်စားဖို့လည်းသိပ်မကောင်းပါဘူး။

အပျင်းပြေကြည့်လို့ကောင်းပြီး၊ မိသားစုတူတူကြည့်နိုင်ပါတယ်။ No Sex, No Nudity လို့ပြောလို့ရပေမယ့် မပေါ့တပေါ် အမျိုးသမီးတစ်ချို့ ပါတာတော့ သတိပြုရမှာပါ။ Ryan Reynolds နဲ့ Jeff Bridges တို့ နှစ်ယောက်က Will Smith နဲ့ Tommy Lee Jones တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုမမှီပါဘူး။ ဒါပေမယ့် အပျင်းပြေ ကြည့်လို့ကောင်းပါတယ်။

#Sololay

Comments

Popular posts from this blog

The Hobbit: The Desolation of Smaug - Preview

The Mortal Insturments: City of Bones (2013)