![](//3.bp.blogspot.com/-MDoftZarcpE/VcLlH9VuFJI/AAAAAAAAAX8/yfdSnoiyz_o/s320/New_Mutants_Vol_1_98_001.jpg) |
Deadpool First Appearance |
ရုပ်ရှင်မိတ်ဆက်
Deadpool ကို Rob Liefeld နဲ့ Fabian Nicieza တို့က Feb 1991 မှာထွက်တဲ့ New Mutant Issue #98 မှာ စတင်မိတ်ဆက်ခဲ့တာကြတာ ဖြစ်ပါတယ်။ သူ့ကို စတင် ဖန်တီးခဲ့တဲ့ ကာတွန်းဆရာ Rob Liefeld က DC ရဲ့ Teen Titan ကာတွန်း စာအုပ်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ Rob Liefeld က သူ့ရဲ့ Deadpool ဇာတ်ကောင် အိုင်ဒီယာကို စာရေးဆရာ Fabian Nicieza ကို တင်ပြတဲ့အခါမှာ သူ့ရဲ့ ဇာတ်ကောင်က DC ရဲ့ Teen Titan ထဲက Deadstroke နဲ့ သွားတာနေတွေ့ရပါတယ်။
ဒီနေရာမှာ သူတို့နှစ်ယောက်က Deadstroke ရဲ့ ဇာတ်ကောင်ကို ပေါ်တင်ပဲကူးယူပြီး သူတို့ရဲ့ ဇာတ်ကောင်ကို Deadpool လို့နာမည်ပေးရုံမက Deadpool ရဲ့ လူနာမည် ကို Wade Wilson လို့ပေးခဲ့ပါတယ်။ ဒါကလည်း Deadstroke ရဲ့ Slade Wilson ဆိုတဲ့နာမည်ကို ဟာသအနေနဲ့ ယူသုံးထားတာဖြစ်ပါတယ်။
![](//3.bp.blogspot.com/-xAcf8h70y0c/VcLk-majC6I/AAAAAAAAAXc/wGz65BmqTTQ/s1600/download.jpg) |
Deadpool vs Deadstroke |
Deadstroke နဲ့ Deadpool နှစ်ယောက်လုံးက mercenary တွေဖြစ်ကြသလို Anti-Hero/Villain တွေဖြစ်ကြသလို သူတို့နှစ်ယောက်မှာ Healing Power ရှိပါတယ်။ Wade Wilson က ကလေးဘ၀ထဲက အတည်တကျ မနေရပဲ လျှောက်သွားနေရသလို၊ Military Training တွေလည်း ရှိထားပါတယ်။ ဒီလိုဘ၀ကနေ သူ့မှာ ကုမရတဲ့ ကင်ဆာရောဂါ ရှိနေတာကြောင့် နောက်ဆုံးမှာ Wolverine ကို စမ်းသပ်ခဲ့တဲ့ Weapon X program မှာ အစမ်းသပ်ခံဖို့ လက်ခံလိုက်ပြီး နောက်မှာ အခုလို လူတိုင်းသိတဲ့ Merc with a Mouth ဖြစ်လာခဲ့ပါတယ်။
![](//3.bp.blogspot.com/-W58nmxksEXk/VcLk_PpQgxI/AAAAAAAAAXo/waqkU7aW-Xg/s320/1363775303_deadpool-34.png) |
Deadpool Fourth Wall Breaking |
Deadpool က သူပါဝင်တဲ့ ကာတွန်း၊ ဂိမ်းနဲ့ အခု ရုပ်ရှင်မှာ Fourth Wall Breaking လို့ခေါ်တဲ့ ပရိတ်သတ်ကို တိုက်ရိုက်စကားပြော တာမျိုးလုပ်လေ့ရှိပါတယ်။ ဒီနေရာမှာ Fourth Wall ဆိုတဲ့အသုံးအနှုန်းက ပြဇာတ်တွေကနေ ပေါ်ထွက်လာတာဖြစ်ပြီး အနောက် ဘေးဘယ်ညာ နံရံသုံးချပ်အပြင် ပရိတ်သတ်နဲ့ ကြားက စိတ်ကူးယဉ် နံရံကို Fourth Wall (စတုတ္ထမြောက် နံရံ) လို့ ဆိုကြပါတယ်။ ဆိုလိုတာက သရုပ်ဆောင်တွေက ပရိတ်သတ် ကို မမြင် ရသလို ဟန်ဆောင်ပြီး သရုပ်ဆောင်ကြတာကိုဆိုလိုပါတယ်။ Deadpool က ကာတွန်းစာမျက်နှာတွေမှာထဲက (ကာတွန်းဆရာတွေရေးဆွဲမှုနဲ့) သူက ကာတွန်းဇာတ်ကောင်တစ်ယောက်ဆိုတာ သိသလို၊ စာဖတ်ပရိတ်သတ်ကိုလည်း စကားလှမ်းပြောလေ့ရှိပါတယ်။
![](//3.bp.blogspot.com/-vwUNiOyit0o/VcLk_QRasSI/AAAAAAAAAXk/Y7ky1eZgAO0/s400/not-in-this-comic.jpg) |
Deadpool talking to the audience |
![](//3.bp.blogspot.com/-feY8uvEAhic/VcLk-8njqjI/AAAAAAAAAXg/OpOYiWqW3oI/s320/deadpool4-9.jpg) |
Deadpool head chopped off |
ဒါ့အပြင် Deadpool မှာ Healing Power ရှိပြီး သူ့ရဲ့ Healing Power က Wolverine ထက်တောင် ပိုကောင်းပါတယ်။ Deadpool ရဲ့ Healing Power ကဘယ်လောက်တောင်ကောင်းလည်းဆိုရင် သူ့ကို ဘယ်လိုမှ သတ်လို့မရပါဘူး။ သူ့ကို ခေါင်းဖြတ်လိုက်ရင်တောင် (X-Men Origin:Wolverine မှာ နောက်ဆုံး အခန်းမှာ ခေါင်းပြတ်သွားပါတယ်။) မသေပါဘူး။ Pirates of the Caribbean ထဲက သရဲ Pirate တွေလိုပါပဲ။ ခေါင်းကို ပြန်လိုက်ရှာပြီး ကိုယ်နဲ့ ပြန်တွဲလိုက်ရင် ပြန် ဆက်သွားပါတယ်။
![](//2.bp.blogspot.com/-AQZkHD3sfsQ/VcLoGQbYkpI/AAAAAAAAAYM/RDif0-6TXo0/s320/wpid-wolverine-deadpool-origins-picsay.jpg) |
Deadpool in X-Men Origins |
အခု Deadpool Trailer ထဲမှာလည်း မင်းသား Ryan Reynolds က ဒီဇာတ်ကောင် စရိုက်ကို ပီပီပြင်ပြင် သရုပ်ဖော်ထားတာတွေ့ရမှာပါ။ ဒီထွေလာမှာ Wade Wilson (Ryan Reynolds) က တစ်ခန်းမှာ "Please don't make the super suit green or animated" လို့ပြောခဲ့ပြီး ဒါကလည်း သူ့ရဲ့ 2011 တုန်းက ထွက်ခဲ့တဲ့ Green Lantern ဇာတ်ကားကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒီကားက ပရိတ်သတ် ဝေဖန်ခံခဲ့ရပြီး Ryan Reynolds လည်း ပရိတ်သတ် အမြင်ကတ်ခံခဲ့ရပါတယ်။ X-Men Origin မှာတုန်းကမှ ဇာတ်လမ်းကိုမကြိုက်ပေမယ့် သူ့ရဲ့ Deadpool ကို လူတွေ ကြိုက်ကြပါသေးတယ်။ GL မှာတော့ ဇာတ်လမ်းရော မင်းသားရော အဝေဖန်ခံခဲ့ရပါတယ်။ Comic Con မှာ ပြတဲ့ Trailer မှာဆို X-Men Origin မှာ Deadpool ရဲ့ပါးစပ်ကို ချုပ်လိုက်ပြီး ဇာတ်ကောင်ကို ပေါက်က လုပ်ခဲ့တာကိုပါ ဟာသလုပ်ထားပါသေးတယ်။
Deadpool ကို သူ့ပရိတ်သတ်တွေတော်တော်များများက Spider-Man နဲ့ Punisher နှစ်ယောက်စလုံးရဲ့ ဇာတ်ကောင် စရိုက်တွေရှိတယ်လို့ ဆိုကြပါတယ်။ Deadpool က Punisher လိုလည်း ကြေးစား တစ်ယောက် ဖြစ်သလို လူသတ်ဖို့လည်းဝန်မလေးပါဘူး။ Spider-Man လိုလည်း တစ်ချိန်လုံး အပြောင်အပျက်တွေ ပြောတတ်သလို၊ ကိုယ်ခန္ဓာသွက်လက်ပျော့ပြောင်းပြီး လျင်မြန်ဖြတ်လတ်ပါတယ်။
Deadpool ရဲ့ အခြားအကြောင်းအရာတွေ အများကြီးရှိသေးပြီး အကုန်လုံးကို တစ်ခါတည်းပြောပြလို့ အဆင်မပြေပါဘူး။ ဖတ်ရတဲ့သူလည်း မျက်စိလည်သွားနိုင်ပါတယ်။ ဥပမာ Deadpool မှာ Batman လိုပဲ Deadpool Family ဆိုတာ ရှိသလို Dogpool ဆိုတာလည်းရှိပါတယ်။ ဒါ့အပြင် သူ့စိတ်ဝင်စားတဲ့ မိန်းမက Death ဆိုတဲ့ သေမင်း ဖြစ်ပြီး Deadpool, Death နဲ့ Thanos တို့ ရဲ့ သုံးပွင့်ဆိုင် အချစ် ဇာတ်လမ်းလည်း ရှိပါသေးတယ်။ ဒါ့အပြင် Alternate Story Line မှာ Deadpool က Marvel Universe တစ်ခုလုံးကို သတ်ပြစ်လိုက်တာတွေရှိပါသေးတယ်။ ဒါတွေက ဇာတ်လမ်းမှာပါမှာလည်းမဟုတ်သလို သိပ်လည်းအရေးမကြီးလှလို့ အကျယ်မရှင်းပြတော့ပါဘူး။
![](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_vEpbA3z-6edBuHbbPFBAsuhvoAkf8REE67AklDzXfgujUV39c9eze2gxPczDRbTuwYiiZW7VOyJ8WbTk9x39AynUVkXmnsEIG9JoNHZBqFxVsMBs10wESqbJj3t4gm43uo3axGy3SOZgYgy55nb8gHGaCugnxHQnqFrcK_4IFPATnu=s0-d) |
Deadpool and Blind Al |
ဒီထဲမှာနောက်ဆုံးပြောချင်တာက ထွေလာမှာပါတဲ့ မျက်မမြင် အမျိုးသမီး ကြီးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူမက Comic Book ထဲမှာ Deadpool ရဲ့ အခန်းဖော် အဖြစ်ပါဝင်ပြီး သူမနာမည်က Blind Al ဖြစ်ပါတယ်။ Deadpool က သူမကို သတ်ဖို့ ဖြစ်ပေမယ့် မသတ်ဖြစ်ပဲ သူမကို ပြန်ပေးဆွဲလာပြီး သူ့အခန်းမှာ နေစေတာဖြစ်ပါတယ်။ Deadpool အတွက် Blind Al က Mother Figure (အုပ်ထိန်းသူပုံစံမျိုး) ဖြစ်ပါတယ်။ Spider-Man နဲ့ Aunt May လိုဖြစ်ပေမယ့် Deadpool နဲ့ Blind Al ကတော့ တစ်ယောက်နဲ့ တစ်ယောက် သံယောစဉ်ရှိပေမယ့် အချင်းချင်းမတည့်ကြပါဘူး။
ဒီလောက်ဆို Deadpool နဲ့ပတ်သတ်ပြီး သိသင့်တာတွေ သိသွားပြီဖြစ်လို့ ၂၀၁၆ မှာ ရုပ်ရှင်ထွက်လာမှ Movie Review တစ်ခါထပ်တင်ပေးရင်းနဲ့ လိုတာလေးတွေထပ်ပြောပေးသွားပါ့မယ်။
Sololay
Comments
Post a Comment