No Escape

No Escape

ဒီကားကို အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ လို့ပဲ သုံးထားပြီး နိုင်ငံအမည်ကို မထည့်ထားပါဘူး။ ဇာတ်လမ်းကတော့ အဲ့ဒီနိုင်ငံမှာ ၀န်ကြီးချုပ် ကို တော်လှန်ရေးသမားတွေက သတ်လိုက်ကြပြီးနောက် နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံခြားသားတွေကို လိုက်ပြီး သုတ်သင်ကြတာဖြစ်ပါတယ်။ နိုင်ငံ ထဲက လူတွေရဲ့ ပုံစံနဲ့ အနေအထားအရ မလေးရှားနိုင်ငံလို့ ပရိတ်သတ်တော်တော်များများ က ထင်ကြပါတယ်။

ဇာတ်လမ်းမှာ မင်းသား Owen Wilson က မိန်းမနဲ့ သမီးနှစ်ယောက်နဲ့ အတူ အမည်မဖော်လိုတဲ့ (မလေးရှား) နိုင်ငံကို အလုပ်ကိစ္စနဲ့ပြောင်းလာပြီး၊ မြို့မှာအနေကြာနေပြီဖြစ်တဲ့ အင်္ဂလိပ်လူမျိုး Pierce Brosnan (James Bond မင်းသား) နဲ့ တွေ့ကြပါတယ်။ ကံဆိုးစွာနဲ့ ရောက်ရောက်ပြီး နောက်တစ်နေ့မှာပဲ အကြမ်းဖက်မှုတွေစတင်ပြီး Pierce Brosnan ရဲ့ အကူအညီ နဲ့ သူတို့ မိသားစုတွေ လွတ်ရာကိုပြေးကြရပါတယ်။

ဒီကားကို ကြည့်ရတာ Zombie ဇာတ်ကားကြည့်ရသလို ပုံစံမျိုးဖြစ်နေပြီး Survivor/Action ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ နောက်က လိုက်သတ်နေတဲ့ လူတွေကလည်း ဒေါနဲ့မောနဲ့လိုက်နေပြီး ဒေါသကလွဲရင် ဘာခံစားချက်မှ မရှိတဲ့ပုံဖြစ်နေပြီး Zombie တွေလိုပါပဲ။ World War Z ကြည့်ရသလို ဖြစ်ပါတယ်။

Comments

Popular posts from this blog

The Hobbit: The Desolation of Smaug - Preview

The Mortal Insturments: City of Bones (2013)