The Game Plan
The Game Plan (2007) - Movie Review
:) :) :) :) :) :) :) -_- -_- -_-
#ရုပ်ရှင်မိတ်ဆက်
ဒီကားက Dwayne Johnson ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အပျင်းပြေကြည့်ဖို့သင့်တော်တဲ့ မိသားစုကားလေး ဖြစ်ပြီး၊ အဖေများနေ့မှာ မိသားစုတူတူ အပန်းဖြေကြည့်ရှုနိုင်ပါတယ်။ No Sex, No Nudity ဖြစ်ပြီး အဖေနဲ့ သမီး ကြားက သံယောစဉ်ကို ဟာသနှောပြီး မရိုးရအောင် တင်ဆက်ထားပါတယ်။
ဒီကားက ပေါ့ပေါ့ပါးပါး ဒရမ်မာကားလေးတစ်ကား ဖြစ်ပြီး ဇာတ်လမ်းမှာ The Rock က Boston Rebels, NFL အသင်းရဲ့ Quarterback တစ်ဦး ဖြစ်သူ Joe Kingman အဖြစ် သရုပ်ဆောင်ထားပါတယ်။ အမေရိကန် Football ကစားနည်းမှာ QB က အသင်းခေါင်းဆောင်ပုံစံမျိုးဖြစ်ပြီး သူက အသင်းကို ကွင်းအတွင်းမှာ ညွှန်ကြားသလို၊ ဘောလုံး ကို Receiver တွေထံရောက်အောင် ပစ်ပေးရသူဖြစ်ပါတယ်။ သူက အသက်သုံးဆယ် ကျော်လာပြီဖြစ်လို့ အားကစားသမား ဘ၀ နားရခန်နီးနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ လက်ရှိ ရာသီ သူတို့အသင်းက အခြေအနေကောင်းနေပြီး ဖလားအရ ယူနိုင်ဖို့လည်း ရေပန်းစားနေပါတယ်။
ဒီအချိန်မှာပဲ မမျှော်လင့်ထားပဲ ကလေးမလေးတစ်ယောက် သူ့အိမ်ကိုရောက်လာ ပြီး သူ့သမီး ပါလို့ ဆိုလာပါတယ်။ အမေဖြစ်သူက အာဖရိက ရေကောင်းရေသန့်ရရှိ ရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့နဲ့ လိုက်သွားနေလို့ သူ့ဆီပို့ခဲ့တာလို့ ကောင်မလေးကဆိုပါတယ်။ တကယ်တန်းမှာလည်း Joe ကလွန်ခဲ့တဲ့ ၈နှစ်လောက်က မိန်းမရှိခဲ့ဖူးပြီး လမ်းခွဲခဲ့တာဖြစ်လို့ သမီးရှိမှန်းမသိခဲ့ပါဘူး။
ဒီလိုနဲ့ အဖေနဲ့သမီး အခုမှပြန်တွေ့ပြီး အစပိုင်းမှ အဆင်မပြေကြပေမယ့် တဖြည်းဖြည်း အဆင်ပြေသွားကြ ပုံ တွေကို ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး မိသားစုကားကောင်းလေး တစ်ကားပါ။ The Rock က သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး အက်ရှင်သာမက၊ ဟာသရော ဒရမ်မာပါ ပိုင်တယ်ဆိုတာ ဒီကားမှာ တွေ့နိုင်ပါတယ်။
#Sololay

Comments
Post a Comment