The Maze Runner

The Maze Runner (2014) - Movie Review
:) :) :) :) :) :) -_- -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ဒီဘက်ခေတ် ဆယ်ကျော်သက် လူငယ် (Young Adult) တွေကို အဓိက ရည်ရွယ်ပြီး ရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ဒီနာမည်နဲ့ပဲ စာအုပ်ရှိပြီးတော့ စာအလုပ်ကလည်း YA တွေအတွက် ရေးထားတာဖြစ်ပါတယ်။ ဒီကားက ဒီနှစ်ထွက်ထားတဲ့ Divergent လိုပဲ ဇာတ်လမ်းက စိတ်ဝင်စားစရာ မကောင်းလှပါဘူး။ အထူးသဖြင့် လူကြိုက်များအောင်မြင်နေတဲ့ နောက်ထပ် Young Adult Movie တစ်ခုဖြစ်တဲ့ Hunger Game လောက် မကောင်းပါဘူး။ အခု Review က Spoiler ပါမှာဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကမ္ဘာပျက်ပြီး နောက်ကာလမှ ကျန်ခဲ့တဲ့ လူတွေထဲက လူငယ်လေးတွေကို the Glade လို့ခေါ်တဲ့ ဥယျာဥ ထဲမှာ ထည့်ထားပြီး ပတ်ပတ်လည်မှာ တော့ Maze နဲ့ပိတ်ထားပါတယ်။ ဒီထဲကနေထွက်ဖို့ဆိုရင် Maze ကိုဖြတ်သွားရမှာဖြစ်ပြီး၊ Maze ထဲမှာ Grievers လို့ခေါ်တဲ့ စက်ရုပ်တွေရှိပြီး ဘယ်သူမှ ဒီကနေမလွတ်ဖူးသေးဘူးလို့လည်းဆိုပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီး က နေရောင်ခြည် လွန်ကဲမှုကြောင့် ပျက်ခဲ့ရပြီး၊ ကျန်နေခဲ့တဲ့ သူတွေကိုလည်း The Flare လို့ခေါ်တဲ့ Virus က ဒုက္ခပေးနေပါတယ်။ ဒီလူငယ်လေးတွေက Virus မဖြစ်တာကြောင့် သူတို့ ဘာလို့ ဒီလို ခံနိုင်ရည်ရှိတာလည်းဆိုတာ သိချင်လို့ စမ်းသပ်နေတာဖြစ်တယ်လို့သိရပါတယ်။

ဇာတ်လမ်းက ဒီမှာတင်ပြီးမှာမဟုတ်ပဲ၊ The Maze Runner: Scorch Trials ဆိုပြီး နောက်ထပ် စာအုပ်နှစ်အုပ် ရှိသေးတာကြောင့်၊ နောက်တစ်ကားတွေထပ်ထွက် ဦးမှာဖြစ်ပါတယ်။ No Sex, No Nudity ပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။

အိမ်မှာပဲ အပျင်းပြေကြည့်ဖို့ကောင်းပါတယ်။ လူငယ်တွေက တော့ကြိုက်ကြမှာပါ။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1599986156888142.1073742044.1415033035383456/1599986160221475/?type=1&theater

Comments

Popular posts from this blog

Moana

The Pursuit of Happyness (2006) - Movie Link Included