Ransom (1996)

Ransom (1996)

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ထူးထူးခြားခြားကြည့်လို့ကောင်းတဲ့ ပြန်ပေးဆွဲဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား ကြီး Mel Gibson (Lethal Weapon, Mad Max) ပါဝင်သရုပ်ဆောင်ထားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းမှာတော့ Mel Gibson (Tom Mullen) က သန်းကြွယ်သဌေးကြီးတစ်ဦးဖြစ်ပြီး သူ့ရဲ့ တစ်ဦးတည်းသော သားလေးပြန်ပေးဆွဲခံရပါတယ်။ ထုံးစံအတိုင်း FBI က ရောက်လာပြီး ပြန်ပေးသမားကလည်း ဒေါ်လာ ၂သန်း တောင်းပါတယ်။ ပြန်ပေးသမားက Tom ကို သူတို့ပြောတဲ့နေရာမှာ ပိုက်ဆံ သွားပေးခိုင်းပြီး ပိုက်ဆံယူတဲ့သူက ကလေးရှိတဲ့နေရာကို လိပ်စာ ပြန်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်သွားပေးတဲ့အခါမှာတော့ လိပ်စာပြန်မပေးပဲ ပိုက်ဆံပဲ ယူဖို့လုပ်တဲ့အခါမှာ၊ နောက်က လိုက်လာတဲ့ FBI နဲ့ ပစ်ခတ်ကြရင်းနဲ့ ပြန်ပေးသမားဘက်က လူက သေသွားခဲ့ပါတယ်။

ဒီနောက်မှာ နောက်တစ်ခါ ပိုက်ဆံပေးဖို့ ပြောတဲ့အခါမှာတော့ Tom က ဘယ်သူမှမထင်မှတ်ထားတဲ့ လုပ်ကို လုပ်လိုက်ပါတယ်။ ပထမတစ်ခေါက် ကတည်းက ကလေးကို ပြန်ပေးဖို့ အစီအစဉ်မရှိတာကို ရိပ်မိတာကြောင့် ဒီတစ်ခါတော့ ပိုက်ဆံ မပေးတော့ပဲနဲ့ အဲ့ဒီပေးရမယ့် ပိုက်ဆံကို ဆုကြေးငွေအဖြစ် ကြေငြာလိုက်ပါတယ်။ သူ့အိမ်ရှေ့မှာ အသင့်စောင့်နေတဲ့ မီဒီယာ တွေဆီကိုပြေးသွားပြီး၊ သူ့သားကိုဖမ်းသွားတဲ့သူတွေကို ပြန်ဖမ်းပေးရင်၊ သူ့သားကို ပြန်ခေါ်လာနိုင်ရင် ဒေါ်လာ ၂သန်းပေးမယ်လို့ကြေငြာလိုက်ပါတယ်။

ဒီလိုလုပ်တဲ့ သူ့ရဲ့ စိတ်ကူးက မှန်လားမှားလား ဆိုတာ ကိုတော့ ဖန်သားပြင်ထက်မှာပဲကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ပရိတ်သတ်ကြီး အကြိုက်တွေ့မှာသေချာပါတယ်။ စိတ်လှုပ်ရှားဖို့ကောင်းသလို၊ ပရိတ်သတ်ကို ဇာတ်ကားတစ်ကားလုံး ဖမ်းစားထားနိုင်ပါတယ်။ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။

#Sololay

Movie Links - http://www.tubeplus.me/player/441526/Ransom/

                  - https://www.youtube.com/watch?v=IWRzNMIzyE4

Comments

Popular posts from this blog

Moana

The Pursuit of Happyness (2006) - Movie Link Included