300 (2006) - Movie Review

300 (2006) - Movie Link Included

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ 300 ကားအသစ်မထွက်ခင် ပထမကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားကတော့ သိပ်ထွေထွေ ထူးထူးပြောစရာမရှိပါဘူး။ Man Of Steel ဒါရိုက်တာ Zack Snyder ရဲ့ ဇာတ်ကားဖြစ်ပြီး၊ 300 ဆိုတဲ့ စာအုပ်ကို ရုပ်ရှင်ရိုက်ထားတာပဲဖြစ်ပါတယ်။

ထူးခြားတာက ဒီကားက စစ်ကားကောင်းတစ်ကားဆိုတာထက် Computer Effect တွေ တစ်ကားလုံး အပြည့်သုံးထားပြီး လှလှပပရိုက်ကူးထားနိုင်တဲ့ ဇာတ်ကားတစ်ကားဆိုပိုမှန်ပါတယ်။ Zack Snyder ရဲ့ထုံးစံ အတိုင်း CGI Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို Slow Motionလည်း ကောင်းကောင်း သုံးထားပါတယ်။ တစ်ကားလုံး Slow Motion နဲ့ရိုက်ကူးထားသလို၊ နောက်ခံတွေက အစ Computer Effect ဖြစ်တာကြောင့် သဘာဝ နောက်ခံ မဟုတ်တဲ့အတွက် ပရိတ်သတ်တစ်ချို့အတွက် အမြင်တစ်မျိုး ဖြစ်နေမှာပါ။

ဇာတ်လမ်းကတော့ ပါရှားက ဂရိ ကို တက်ပြီး သိမ်းပိုက်တဲ့အခါမှာ ဂရိ နိုင်ငံမဖြစ်ခင် နိုင်ငံ ငယ်လေး တစ်ခု ဖြစ်တဲ့ Sparta က လူ အယောက်သုံးရာက တောင်ကြားထဲမှာ ပိတ်ဆို့ပြီး ပါရှန် စစ်တပ်ကို ခုခံခဲ့တဲ့ တစ်ကယ့်ဖြစ်ရပ်မှန်ကို အခြေခံရေးထားတဲ့ ၀တ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ သမိုင်းကြောင်းအရ တော့ မှန်ကန်မှုမရှိပေမယ့်၊ Fight Scene ကောင်းကောင်း၊ Effect ကောင်းကောင်းနဲ့ ကြည့် ရမှာဖြစ်လို့ ဇာတ်ကားကောင်းတစ်ကားလို့ပြောလို့ရပါတယ်။

အက်ရှင်ကားကြိုက်ပရိတ်သတ်တွေ အကြိုက်တွေ့စေမှာဖြစ်ပေမယ့်၊ ကလေးတွေကြည့်ဖို့မသင့်ပါဘူး။ မိသားစုတူတူလည်း မကြည့်သင့်ပါဘူး။ Rated R ဖြစ်ပြီး ဒီကားမှာ Nude Scene ၃ ခန်း၊ Sex Scene ၂ ခန်းနဲ့ Sexual scene တစ်ခန်း အပါအ၀င် သွေးထွက်သံယိုတွေ အများအပြားပါဝင်ပါတယ်။

#Sololay

http://viooz.co/movies/1438-300-2006.html

Comments

Popular posts from this blog

Moana

The Pursuit of Happyness (2006) - Movie Link Included