Catch Me If You Can - Movie Review by ရုပ်ရှင်မိတ်ဆက် - Movie link Included
Catch Me If You Can (2002)
ရုပ်ရှင်မိတ်ဆက်
Leonardo DiCaprio ရဲ့ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာ Titanic မင်းသား Leonard က real life ဇာတ်ကောင် Frank Abagnale Jr. အဖြစ်သရုပ်ဆောင်ထားပါတယ်။
Frank Abagnale Jr. အကြောင်းကိုပြောရရင် သူက သူ့အသက် ၁၉ နှစ်မပြည့်ခင်မှာပဲ ဒေါ်လာ သန်းပေါင်းများစွာ ကို ချက် အတုတွေလုပ်ပြီး ထုတ်ခဲ့သလို၊ ဆရာဝန်၊ ရှေ့နေ၊ ပိုင်းလော့ အဖြစ် ပါ ပီပီပြင်ပြင် ဟန်ဆောင်နိုင်ခဲ့သူပါ။
Frank တို့ မိသားစုက ၁၉၆၃ ခုနှစ်မှာ ငွေကြေးအကြပ်အတည်းကြုံတွေ့ရပြီး ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ပါတယ်။ သူတို့နေတဲ့ အိမ်ကြီးကနေ ဖယ်ပေးလိုက်ရပြီးတဲ့နောက်မှာ သူ့ရဲ့အမေကလည်း နောက်ယောက်ျားနဲ့ ဖောက်ပြန်ပြီး လင်မယားကွဲကြပါတယ်။ သူ့အဖေနဲ့အမေ ကွာရှင်းတဲ့နေ့မှာပဲ Frank ကအိမ်ကထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့အသက် ၁၆ နှစ်တောင်မပြည့်သေးပါဘူး။ အိမ်ကထွက်ပြေးပြီးတဲ့ နောက်မှာ သုံးစရာငွေမ၇ှိတော့ လက်ထဲမှာ ပါလာတဲ့ ချက် စာအုပ်ကို အတုလုပ်ပြီး ငွေထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သူ့က တခြားဘဏ်တွေမှာ ငွေသွားထုတ်တော့ ဘယ် သူကမှ ထုတ်မပေးပါဘူး။ အဲ့ဒီအချိန်မှာ PanAmerica လေကြောင်းက ပိုင်းလော့ တွေကို ဘဏ်က ငွေအလွယ်တကူ ထုတ်ပေးတာ တွေ့သွားပြီးတဲ့နောက်မှာ သူက PamAm ပိုင်းလော့အဖြစ် အယောင် ဆောင်ပြီး (အယောင်ဆောင်ဖို့ ဘယ်လိုကြိုးစားလည်းဆိုတာ ကိုတော့ ဇာတ်ကားထဲမှာ ပဲ ကြည့်ရှုခံစားတာ ပိုကောင်းပါတယ်။) ချက်လက်မှတ်တွေသာမက Payroll ပေးချက် ( လစာပေးတဲ့ ချက်)
တွေပါ အတုလုပ်ပြီး ငွေထုတ်သလို လေယာဉ်ပျံပါ အခမဲ့ စီးလိုက်ပါသေးတယ်။ (လေကြောင်းက ၀န်ထမ်းတွေဆိုရင် လေယာဉ်အလကားစီးလို့ရပါတယ်။ သူတို့ကို Deadhead လို့ခေါ်ပါတယ်။) ဒါတင်မကသေးပဲ လေယာဉ်မယ်လေးတွေ ကိုလည်း ချိတ်လိုက်ပါသေးတယ်။
အဲ့လိုနေနေရာကနေ သူ့ကိုလိုက်ဖမ်းတဲ့ Carl Hanratty (Tom Hanks, FBI Agent) ရဲ့လက်က နေ လွတ်အောင်ပြေးခဲ့သလို၊ ဆေးရုံတစ်ခုမှာ ဆရာဝန်အဖြစ်နဲ့သာမက၊ Louisiana က ရှေ့နေ စာမေးပွဲကို ဖြေဆို အောင်မြင်ပြီး ရှေ့နေအဖြစ်လည်း လုပ်ခဲ့ပါသေးတယ်။
နောက်ဆုံး Carl က သူ့ကိုဖမ်းမိသွားပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံရပါတယ်။ ထောင်ကျနေတုန်းမှာ Carl ကသူ့ကို မကြာခဏလာ တွေ့ပြီး တစ်ခေါက်မှာ Carl က သူ့ကို ချက်လက်မှတ်အတုတစ်ခုထုတ်ပြတော့ Frank က ချက်လက်မှတ်ကို ကြည့်ရုံနဲ့တင် ဘယ်လို လုပ်ထားတယ် ဘယ်သူဖြစ်နိုင်တယ် ဆိုတာ ပါ တန်းပြောနိုင်တော့ သူ့ရဲ့အရည်အချင်းကိုသိသွားပါတယ်။ Carl က သူ့ရဲ့အရာရှိကို Frank ကို ထောင်က လွှတ်ပြီး FBI မှာ အလုပ်ပေးဖို့၊ စည်းရုံးနိုင်ခဲ့သလို Frank ကိုလည်း လူကောင်း သူကောင်းဖြစ်လာအောင် ပြုပြင်နိုင်ခဲ့ပါတယ်။
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖန်စီကားတစ်ကားဖြစ်ပေမယ့် ပညာရစရာတွေ များသလို ကြည့်လည်းကြည့်သင့်တဲ့ကားပါ။ မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်း ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဥာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ် လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကြိုးရှိအောင် အသုံးချ နိုင်ခဲ့တဲ့ Carl Hanratty အဖြစ် Tom Hanks ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေ ကိုလည်း ဒီကားမှာ ခံစားကြည့်ရှုရမှာပါ။
ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်တာရယ် မင်းသားကြီး Tom Hanks ကို မင်းသားချော Leonardo နဲ့ တွဲဖက်သရုပ်ဆောင် ထားတာရယ်ကြောင့် ဒီဇာတ်ကားက ပြောစရာမလိုပဲ နဲ့ ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။
မိသားစုတူတူကြည့်ရှုနိုင်ပါတယ်။ Love Scene သုံးခန်း ပါပေမယ့် no nudity ပါ။ Rated PG-13ပါ။
#Sololay
Movie Link
http://viooz.co/movies/1466-catch-me-if-you-can-2002.html

Comments
Post a Comment