Posts

Showing posts from June, 2015

Spy

Spy (2015) - Movie Review #ရုပ်ရှင်မိတ်ဆက် ဒီကား Spy ဆိုတဲ့အတိုင်း စုံထောက် အက်ရှင် ဟာသကားဖြစ်ပြီး Melissa Mccarthy, Jason Statham နဲ့ Jude Law တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Melissa Mccarthy နဲ့ Jason Statham တို့ ကို တမူထားခြားတဲ့ ဇာတ်ကောင်တွေအဖြစ်တွေ့ရမှာဖြစ်ပြီး နှစ်ယောက်ဆုံးကလည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ပါတယ်။ Jason က ပုံမှန်ဆိုရင် အက်ရှင်မင်းသား နေရာ သို့မဟုတ် ဗီလိန် အဖြစ်သရုပ်ဆောင်လေ့ရှိပြီး ဒီကားမှာ ပေါတောတော ဟာသသမားတစ်ယောက် အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Melissa Mccarthy က ဒီကားမတိုင်ခင်အထိ တော်တော်များများ ဟာသကားတွေမှာ ကာရိုက်တာတစ်ခုတည်းကိုပဲ မရိုးရအောင် သရုပ်ဆောင်ထားတာကို သူ့ကားကြည့်ဖူးရင် သိကြမှာပါ။ မြန်မာကားတွေထဲက ပွင့်လို မျိုး သူကလည်း ၀၀တုတ်တုတ် အာပြဲပြဲနဲ့ ပုံစံမျိုးကိုပဲသရုပ်ဆောင်လေ့ရှိပေမယ့် ဒီကားမှာတော့ သူများအနှိမ်ခံ၊ ဘ၀နဲ့နေရတဲ့ CIA agent တစ်ဦးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ သူမက တကယ့် အဆင့်အတန်းရှိရှိ သရုပ်ဆောင်သွားပြီး သဘာဝကျကျ သရုပ်ဆောင်ထားနိုင်တာလည်းတွေ့ရပါတယ်။ ဇာတ်လမ်းကတော့ သာမန် စုံထောက်ကား၊ ဟာသကားတွေလိ...

Inside Out

Inside Out (2015) - Movie Review :) :) :) :) :) :) :) :) :) :) #ရုပ်ရှင်မိတ်ဆက် ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။ The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ၀မ်းနည်းကြည်နူး စရာ ကောင်းပြီး၊ ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။ Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက Pixar အတွက်သာမက ကာတွန်းကားတွေအားလုံးထဲမှာပါ အကောင်းဆုံး လို့ သတ်မှတ်ထားကြတာဖြစ်ပြီး Original Idea ဖြစ်တဲ့ Toy Story 1 က အကောင်းဆုံး လို့သတ်မှတ်ထားကြပါတယ်။ ကျွန်တော်ဘာလို့ဒီအကြောင်းကို ပြောရလည်းဆိုရင် ဒီ Inside Out က Toy Story ဇာတ်လမ်းတွေနဲ့တန်းတူ ကောင်းတဲ့ ကာတွန်းကားဖြစ်ပြီး အနုပညာရှုထောင့်ကကြည့်ကြည့်၊ ဖျော်ဖြည်ရေး ရှုထောင့်ကကြည့်ကြည့် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒီကားက ကာ...

The Game Plan

The Game Plan (2007) - Movie Review :) :) :) :) :) :) :) -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက Dwayne Johnson ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အပျင်းပြေကြည့်ဖို့သင့်တော်တဲ့ မိသားစုကားလေး ဖြစ်ပြီး၊ အဖေများနေ့မှာ မိသားစုတူတူ အပန်းဖြေကြည့်ရှုနိုင်ပါတယ်။ No Sex, No Nudity ဖြစ်ပြီး အဖေနဲ့ သမီး ကြားက သံယောစဉ်ကို ဟာသနှောပြီး မရိုးရအောင် တင်ဆက်ထားပါတယ်။ ဒီကားက ပေါ့ပေါ့ပါးပါး ဒရမ်မာကားလေးတစ်ကား ဖြစ်ပြီး ဇာတ်လမ်းမှာ The Rock က Boston Rebels, NFL အသင်းရဲ့ Quarterback တစ်ဦး ဖြစ်သူ Joe Kingman အဖြစ် သရုပ်ဆောင်ထားပါတယ်။ အမေရိကန် Football ကစားနည်းမှာ QB က အသင်းခေါင်းဆောင်ပုံစံမျိုးဖြစ်ပြီး သူက အသင်းကို ကွင်းအတွင်းမှာ ညွှန်ကြားသလို၊ ဘောလုံး ကို Receiver တွေထံရောက်အောင် ပစ်ပေးရသူဖြစ်ပါတယ်။ သူက အသက်သုံးဆယ် ကျော်လာပြီဖြစ်လို့ အားကစားသမား ဘ၀ နားရခန်နီးနေပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ လက်ရှိ ရာသီ သူတို့အသင်းက အခြေအနေကောင်းနေပြီး ဖလားအရ ယူနိုင်ဖို့လည်း ရေပန်းစားနေပါတယ်။ ဒီအချိန်မှာပဲ မမျှော်လင့်ထားပဲ ကလေးမလေးတစ်ယောက် သူ့အိမ်ကိုရောက်လာ ပြီး သူ့သမီး ပါလို့ ဆ...

The Incredibles

The Incredibles #ရုပ်ရှင်မိတ်ဆက် Pixar ရဲ့ Inside Out ကို Review မတင်ခင်မှာ သူ့ရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ The Incredibles အကြောင်းကို ပြောရင်း Pixer အကြောင်းကိုနည်းနည်းမိတ်ဆက်ပေးချင်ပါတယ်။ Pixar ကုမ္ပဏီ က ကာတွန်းကားတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တစ်ခု (Animation Giant) ဖြစ်ပြီး Dreamwork တို့ Disney တို့လို ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ Lucasfilm ကုမ္ပဏီရဲ့ (Star Wars, Indiana Jones တို့ ရိုက်ကူးခဲ့တဲ့ studio ဖြစ်ပါတယ်။)  animation department အဖြစ် စတင်ခဲ့ပြီး ၁၉၈၆ လောက်မှာ Apple တည်ထောင်သူ Steve Jobs ရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်ပိုင်ကုမ္ပဏီအဖြစ်ခွဲထွက်ခဲ့သလို၊ Steve Jobs ကလည်း ကုမ္ပဏီမှာ အဓိက ရှယ်ယာရှင်ဖြစ်လာပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ Pixar ကို Disney က 7.6 Billion Dollars နဲ့ ၀ယ်ယူခဲ့ပါတယ်။ Pixar ကို ပရိတ်သတ်ကြီးအနေနဲ့ သိကြမှာဖြစ်ပေမယ့် အများစုမသိကြတာကတော့ သူရိုက်လိုက်သမျှ ကာတွန်းကားအများစုဟာ၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်လေ့ရှိပါတယ်။ ၁၉၉၅ မှာ Toy Story နဲ့စခဲ့ပြီး လက်ရှိအချိန်အထိ Inside Out အပါအ၀င် ၁၅ ကားရိုက်ကူးထားပြီး Cars 2 တစ်ကားသာ ...

Scarlet Witch

History of Scarlet Witch The Scarlet Witch (နာမည်အရင်း Wanda Maximoff) က Marvel Comics ထဲက character ဖြစ်ပြီး ပထမဆုံး အဖြစ် X-Men #4 (March 1964) မှာစတင်ပါဝင်ခဲ့ပြီး Stan Lee and Jack Kirby တို့က ဒီဇာတ်ကောင်ကို ရေးသားခဲ့တာဖြစ်ပါတယ်။ Avengers: Age of Ultron ထဲမှာပါလာပြီးနောက် လူတွေ စိတ်ဝင်စားလာကြလို့ သူမအကြောင်းကို နည်းနည်း ရှင်းပြတာဖြစ်ပါတယ်။ Scarlet Witch နဲ့ Quicksilver က အမွှာမောင်နှမဖြစ်ပြီး Magneto (X-Men) ရဲ့ သားနဲ့သမီးဖြစ်ပါတယ်။ Wanda & Pietro Maximoff တို့က ငယ်ရွယ်စဉ်မှာပဲ မိဘမဲ့အဖြစ်ကြီးပြင်းလာပြီး၊ ဂျစ်ပစီ မိသားစုက မွေးစားထားပြီး သူတို့နဲ့အတူ ကြီးပြင်းလာပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဂျစ်ပစီတွေကို လူတွေက နှိမ်ထားကြပါတယ်။ တစ်နေ့မှာ Wanda ကို သူနဲ့ရွယ်တူကောင်လေးတစ်ယောက်က မတရားကျင့်ဖို့ကြိုးစားရာကနေ သူမက သူမရဲ့ အစွမ်းနဲ့ ကောင်လေးကိုတိုက်ခိုက်ပြီး ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ရွာသားတွေက သူမကို စုန်းမအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ကြတဲ့ အချိန်မှာ Magneto ကရောက်လာပြီး ကယ်ဆယ်ခဲ့ပါတယ်။ ဒီလိုနဲ့ Magneto နဲ့ ပေါင်းမိသွားပြီး The Brotherhood of Mutant (X-Men ပထ...

San Andreas (2015)

San Andreas (2015) - Movie Review (Spoiler!!!) #ရုပ်ရှင်မိတ်ဆက် ဒီကားက Dwyane 'The Rock' Johnson ပါဝင်သရုပ်ဆောင်ထားပြီး Race To the Witch Mountain ဇာတ်ကားမှာ တူတူတွဲသရုပ်ဆောင်ဖူးတဲ့ Carla Gugino နဲ့ ပြန်တွဲဖက်သရုပ်ဆောင်ထားပါတယ်။ Disaster Movie ဖြစ်ပြီးတော့ ဇာတ်လမ်းက သိပ်မရှုပ်ပါဘူး။ California State က မြောက်အမေရိကားတိုက် ရဲ့ အနောက်ဖက် ခြမ်းမှာရှိပြီးတော့ သူ့မှာ မိုင် ၈၁၀ ရှည်ပါတဲ့ San Andreas (ဆန်အန်-ဒရေး-ရပ်(စ်)၊ ဆန်းအန်းဒရပ်စ် လို့ မှားပြီးထွက်လေ့ရှိပါတယ်။) ငလျင်ကြောကြီးရှိပြီး ဒီငလျင်ကြောကြီးက နှစ်ပေါင်း ၁၅၀ ကျော်မှာတစ်ခါ ငလျင်အကြီးစားလှုပ်လေ့ရှိပါတယ်။ နောက်ဆုံး အကြီးအကျယ်လှုပ်ခဲ့တာက ၁၉၉၂ ခုနှစ် ကလီဖိုးနီးယား တောင်ပိုင်းမှာဖြစ်ပြီး ပြင်းအား ၇.၃ ရှိပြီး အပျက်အစီးအများဆုံး ငလျင်ကတော့ ၁၉၀၆ ခုနှစ် San Francisco ငလျင်ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ထဲမှာ ငလျင်မလှုပ်ထားတာ နှစ်တစ်ရာကျော် ကြာနေပြီ လို့ ပြောခဲ့တာဖြစ်ပြီး အပြင်မှာလည်း တကယ် ဖြစ်လာနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာအဓိက သရုပ်ဆောင် The Rock က Firefighter တစ်ဦးဖြစ်ပြီး သူက အာဖဂန်နစ္စတန် မ...

Jurassic World

Jurassic World - Spoiler Review :) :) :) :) :) :) :) :) -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက ပထမတစ်ပတ်မှာတင်ပဲ ၀င်ငွေစံချိန် ချိုးထားပြီး၊ The Avengers ရဲ့ US opening weekend စံချိန် 207 သန်းကို 208 သန်းနဲ့ကျော်ဖြတ်သွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက ပထမဆုံး Jurassic Park ထွက်ခဲ့ပြီး ကျွန်တော်တို့ တတွေကို အမြင်အသစ် အဆန်းဖြစ်စေခဲ့သလို Visual အသစ်အဆန်းတွေနဲ့ ကြည့်ခဲ့ရပါတယ်။ အခု ၂၂ နှစ်အကြာမှာ အသစ်တစ်ဖန် ပြန်ထွက်လာတဲ့ Jurassic World ဟာ ၂၁ရာစု ခေတ်ကလေးတွေအတွက် အမြင်တစ်မျိုးဆန်းစေမှာပါ။ ဒီကားက ပထမဆုံးကားလောက်မကောင်းပေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားမှာ Jurassic Park က Reference တွေအများကြီးပါတာကိုတွေ့ရမှာဖြစ်ပါတယ်။ Jurassic Park ကို စတင် တည်ထောင်ခဲ့သူ John Hammond ရဲ့ နာမည်ကိုလည်း မကြာခဏ ပါသလို၊ ဒိုင်နိုဆောတွေကို စတင်မွေးဖွားပေး ခဲ့သူ Dr. Henry Wu လည်း ဒီကားမှာ အဓိက သိပ္ပံပညာရှင်အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။ သူတို့နှစ်ယောက်အပြင် Jurassic Park ရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးလည်း ဒီကားမှာ ပြန်ပါဝင်ထားပါ သေးတယ်။ ဇာတ်လမ်းမှာတော့ ၁၉၉၃ ခုနှစ်မှာ အောင်မြင်အောင် မလုပ်...

Tomorrowland

Tomorrowland (2015) - Movie Review :) :) :) :) :) -_- -_- -_- -_- -_- #ရုပ်ရှင်မိတ်ဆက် ဒီကားက Disney ရဲ့ Original ဇာတ်လမ်းဖြစ်ပြီး အဟောင်းပြန်ရိုက်တာ၊ မှီငြမ်းထားတာမရှိပါဘူး။ ဒါပေမယ့် ဇာတ်လမ်း က သိပ်တော့ မထူးခြားလှပါဘူး။ ဒါ့အပြင် အရမ်း အဆန်းသစ်အောင် လုပ်တာလွန်သွားလို့ တစ်ချို့နေရာတွေမှာ ဟာကွက်တွေဖြစ်သွားတာတွေ့ရပါတယ်။ ထင်ထားသလောက် မကောင်းတဲ့ကားတစ်ကားဖြစ်ပြီး၊ ဇာတ်လမ်းက အရမ်းတိုပြီး အရမ်း ရိုးပါတယ်။ တစ်ဖက်ကလည်း အဓိကအကြောင်းအရာတွေကို သေချာမရှင်းထားသလို၊ နောက်တစ်ကား အတွက် ရည်ရွယ်ရိုက်ကူးသွားတဲ့ ပုံဖြစ်နေပါတယ်။ ဇာတ်လမ်းကတော့ Tomorrowland လို့ ခေါ်တဲ့ ကမ္ဘာတစ်ခုကို သိပ္ပံပညာရှင်တွေက ဖန်တီးထားတာဖြစ်ပြီး Parallel Universe မှာရှိတယ်လို့ ယူဆလို့ရပါတယ်။ Tomorrowland အကြောင်းကို ဇာတ်လမ်းက အတိကျ မရှင်းပြထားပါဘူး။ ဇာတ်အိမ်ကတော့ ဒီ Tomorrowland ကို ၁၉၆၄ မှာ လူငယ်လူတော်လေး (Geroge Clooney ရဲ့ ဇာတ်ကောင်) က ရောက်သွားပြီး ကောင်လေးက အဲ့ဒီက သိပ္ပံပညာရှင်တွေနဲ့ ပေါင်းပြီး အနာဂတ်ကို ကြည့်လို့ရတဲ့ စက်ထွင်လိုက် မိပါတယ်။ ဒီက နေ့ လူတွေနေနေတဲ့ ကမ္ဘာကြီး နောက် နှစ်ငါးဆယ်မှာ ပျက်မ...