Oscar Nomination နဲ့ ရုပ်ရှင်မိတ်ဆက်ရဲ့အမြင် (၂၀၁၄)
Oscar အတွက် ကျွန်တော်တို့ရဲ့ အမြင်နဲ့ ခန့်မှန်းချက်လေးကို ပရိတ်သတ်အတွက် တင်ဆက်ပေးထားပါတယ်။ ကျွန်တော်တို့ သိတဲ့ Category တွေကိုပဲ ခန့်မှန်းပေးထားပါတယ်။ ပရိတ်သတ်ကြီးလည်း ပါဝင်ခန့်မှန်းပေးကြပါဦး။
Best Picture
"12 Years A
Slave"
"American Hustle"
"Dallas Buyers Club"
"Her"
"Nebraska"
"Captain Phillips"
"The Wolf of Wall Street"
"Gravity"
"Philomena"
"American Hustle"
"Dallas Buyers Club"
"Her"
"Nebraska"
"Captain Phillips"
"The Wolf of Wall Street"
"Gravity"
"Philomena"
ဒီထဲမှာတော့ 12 Years a Slave, Gravity,
Dallas Buyers Club, American Hustle တို့ကတော့ တခြားကားတွေထက် ခေါင်းတစ်လုံးသာနေတယ်လို့ပြောလို့ရပါတယ်။ လေးကားလုံး
က သူဟာနဲ့သူ တစ်မူထူးခြားနေပြီး 12 Years a Slave နဲ့ Gravity နှစ်ကားထဲက တစ်ကား
ရနိုင်မယ်လို့ထင်ပါတယ်။ The wolf of wall street နဲ့ Captain Phillips ကလည်း ကောင်းပေမယ့်
12 နဲ့ Gravity တို့ကိုတော့ ယှဉ်နိုင်မှာမဟုတ်ပါဘူး။
Actor in a Leading Role
Bruce Dern -
"Nebraska"
Chiwetel Ejiofor - "12 Years A Slave"
Matthew McConaughey - "Dallas Buyers Club"
Christian Bale - "American Hustle"
Leonardo DiCaprio - "The Wolf of Wall Street"
Chiwetel Ejiofor - "12 Years A Slave"
Matthew McConaughey - "Dallas Buyers Club"
Christian Bale - "American Hustle"
Leonardo DiCaprio - "The Wolf of Wall Street"
ဒီ Category ကတော့ ခန့်မှန်းရအခက်ဆုံး နဲ့
ရွေးချယ်ဖို့ အခက်ဆုံး ဖြစ်ပါတယ်။ Matthew ကိုရစေချင်သလို Leonardo ကိုလည်း လက်မလွတ်စေချင်တော့ပါဘူး။
သူတို့နှစ်ယောက်အပြင် Christian Bale နဲ့ Bruce Dern တို့ကလည်း ထူးထူးချွန်ချွန်သရုပ်ဆောင်ထားနိုင်လို့
တော်တော် ခန့်မှန်းရခက်ပါတယ်။ ကျွန်တော့် စိတ်ကြိုက်ပြောရရင်တော့ Matthew သို့မဟုတ်
Leonardo ရသွားနိုင်ပါတယ်။ Leonardo ကတော့ အားလုံးထဲမှာ နှာတစ်ဖျားသာနေပါတယ်။ သူက အားလုံးနဲ့ မတူတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ထားသလို၊ သူအရင် Nominated ဖြစ်ခဲ့တဲ့ ဇာတ်ရုပ်တွေနဲ့ မတူ ကွဲပြားတဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင် လုပ်ပြသွားနိုင်လို့ ဒီနှစ်ကတော့ Leonardo ရဲ့ နှစ်ပဲလို့ ပြောလို့ရပါတယ်။ Matthew ကလည်း AIDS ဝေဒနာရှင် ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်သွားခဲ့လို့ Leonardo နဲ့အပြိုင်ဖြစ်နေပါတယ်။ Matthew ရသွားနိုင်တဲ့အချက်ကတော့ Oscar က ဇာတ်ရုပ်အပေါ်မူတည်ပြီး ကိုယ်ခန္ဓာကို သဘာဝကျကျ ပိန်ဆိုပိန် ၀ဆိုဝ ဖြစ်အောင် လုပ်ထားနိုင်တဲ့ သရုပ်ဆောင်တွေကို ဆုပေးတတ်ပါတယ်။ Matthew က ဒီကားမှာ ပိန်ညောင်ခြောက်ကပ်နေအောင် အပြင်မှာ တကယ် ၀ိတ်ချထားခဲ့သလို၊ Christian Bale ကလည်း ဗိုက်ပူလာအောင် လုပ်ယူထားခဲ့ပါတယ်။ The Fighter မှာလည်း ဆေးစွဲနေတဲ့ ပုံပေါက်အောင် လုပ်ယူခဲ့လို့ ဆုရခဲ့ဖူးတဲ့ Christian Bale က အကောင်းဆုံး သက်သေပါပဲ။ ဘာပဲဖြစ်ဖြစ် Leonardo ရဲ့ နှစ်ပါလို့ပြောချင်ပါတယ်။
Actor in a Supporting Role
Barkhad Abdi - "Captain Phillips"
Michael Fassbender - "12 Years A Slave"
Jared Leto - "Dallas Buyers Club"
Bradley Cooper - "American Hustle"
Jonah Hill - "The Wolf of Wall Street"
ဇာတ်ပို့ဆုအတွက်ကတော့ Jared Leto က ကျန်တဲ့သူတွေထက်
ပိုပြီး ကောင်းပါတယ်။ Dalles Buyers Club မှာ အားလုံးထက်သိသိသာသာ ကြီးကို သရုပ်ဆောင်ထူးချွန်ထားပါတယ်။
Bradley Cooper ကိုလည်း ရစေချင်ပေမယ့် Jared Leto ပဲလို့မြင်ပါတယ်။ Jonah Hill နဲ့
Michael Fassbender တို့ကလည်း မထင်မှတ်ပဲရသွားနိင်ပေမယ့် သေချာတာကတော့ Jared Leto သို့မဟုတ်
Bradley Cooper ပါပဲ။ Barkhad Abdi ကတော့ သရုပ်ဆောင်အသစ်လည်း ဖြစ်သလို ကျန်တဲ့သူတွေနဲ့
ယှဉ်ရင် သိပ်အကောင်းကြီးမဟုတ်ပါဘူး
Actress in a Leading
Role
Cate Blanchett - "Blue Jasmine"
Sandra Bullock - "Gravity"
Judi Dench - "Philomena"
Meryl Streep - "August: Osage County"
Amy Adams - "American Hustle"
ဒီ Category ကတော့ ကျွန်တော် Golden
Globe တုန်းက လွဲခဲ့တဲ့ Category တစ်ခုပါ။ ဒီတစ်ခါလည်း ကျွန်တော် ခေါင်းမာမာနဲ့ပဲ ဆက်ပြောပါဦးမယ်။
Sandra Bullock ကိုအကြိုက်ဆုံးပါ။ Gravity မှာ သူ့ရဲ့ သရုပ်ဆောင် ပညာကို ပရိတ်သတ် မြင်တွေ့ခဲ့ရသလို၊
All is Lost ထဲက Robert Redford လိုပဲ ဇာတ်ကားတစ်ကားလုံးကို သူတစ်ယောက်ထဲနဲ့ ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မင်းသားစာရင်းမှာ Robert Redford မပါလာတာကြောင့် Sandra Bullock ကို ရမယ်လို့
တထစ်ချပြောလို့မရတော့ပါဘူး။ Sandra အပြင်ကတော့ Cate Blanchett နဲ့ Judi Dench ကို သဘောကျပါတယ်။
Amy Adams က သရုပ်ဆောင်ကောင်းပေမယ့် သူမ ရဲ့ ဇာတ်ကောင်က ဇာတ်လမ်းအနေအထားအရ ကျန်တဲ့သူတွေကို
သိပ်မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် Jennifer Lawrence လည်း မနှစ်က ဒီလိုပဲ ဇာတ်ကောင် သိပ်မထူးခြားပဲ
ရသွားဘူးတာကြောင့် သူလည်း မျှော်လင့်လို့ရနိုင်ပါတယ်။ Sandra Bullock မရရင် Cate
Blanchett နဲ့ Amy Adams ပါပဲ။
Actress in a Supporting Role
Sally Hawkins - "Blue Jasmine"
Jennifer Lawrence - "American Hustle"
Lupita Nyong'o - "12 Years A Slave"
Julia Roberts - "August: Osage County"
June Squibb - "Nebraska"
Jennifer Lawrence ထပ်ရသွားနိုင်ပါတယ်။
သူမနှစ်ကရခဲ့တဲ့ Character လိုပဲ American Hustle မှာ ထပ်သရုပ်ဆောင်ခဲ့ရပြီး သရုပ်ဆောင်
ပီပြင်ခဲ့ပါတယ်။ ကျန်တဲ့မင်းသမီးတွေထဲကတော့ Sally Hawkins နဲ့ Julia Roberts က သရုပ်ဆောင်
အနည်းငယ်ပိုကောင်းတယ်လို့ထင်ရပါတယ်။ Lupita ကတော့ ပထမဆုံးဖြစ်လို့ သိပ်ရင်ခုံစရာတော့မရှိပါဘူး။
Animated Feature Film
"The Croods"
"Despicable Me 2"
"Frozen"
"The Wind Rises"
"Ernest & Celestine"
"Despicable Me 2"
"Frozen"
"The Wind Rises"
"Ernest & Celestine"
The Croods,
Despicable Me 2 နဲ့ Frozen အကုန်ကြိုက်ပေမယ့် ဒီနှစ်ကတော့ Frozen ရဲ့ နှစ်ပါ။ The
Croods ကမျှော်လင့်လို့ရပေမယ့် Frozen ပဲ ရမှာပါ။
Cinematography
"The Grandmaster"
"Gravity"
"Inside Llewyn Davis"
"Nebraska"
"Prisoners"
အကြိုက်ဆုံး ကားတစ်ကားဖြစ်တဲ့ Prisoners က ဒီတစ်ခုပဲပါသလို သူ့ကိုပဲရစေချင်ပါတယ်။ ဇာတ်လမ်းကောင်းကောင်း တင်ဆက်မှုကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ပြီး၊ သဲထိတ်ရင်ဖို ကြည့်ခဲ့ရတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ Gravity ဒီမှာလာပါနေတာက Prisoners အတွက် စိုးရိမ်ရသလို၊ Inside Llewyn Davis နဲ့ Nebraska ကလည်း မျှော်လင့်လို့ရပါတယ်။ The Grandmaster က လည်း ကောင်းပေမယ့် သိပ်တော့ မျှော်လင့်လို့မရပါဘူး။ Prisoners ကိုရစေချင်ပေမယ့် တကယ့်တကယ်တော့ Inside Llewyn Davis နဲ့ Gravity ထဲက ပဲ ရသွားမယ်လို့ ထင်ပါတယ်။
Directing
Alfonso Cuaron - "Gravity"
Steve McQueen - "12 Years A Slave"
Alexander Payne - "Nebraska"
David O. Russell - "American Hustle"
Martin Scorsese - "The Wolf of Wall Street"
အများအမြင်မှာတော့ Gravity ဒါရိုက်တာက သာနေပေမယ့်
Oscar ရဲ့မူအရ 12 Years နဲ့ American Hustle တို့လည်း မျှော်လင့်လို့ရပါတယ်။ ဒီတစ်ခါလည်း
ခန့်မှန်းရခက်ပါတယ်။ Gravity ကလည်း Visual Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို၊
12 ကလည်း တစ်ချိန်တုန်းက ကျွန်တွေအကြောင်းကို ရသတစ်မျိုးနဲ့တင်ဆက်ထားပါတယ်။
American Hustle ကလည်း အမေရိကားရဲ့ အတိတ်အကြောင်းကိုပဲ Story ကောင်းကောင်းနဲ့ တင်ဆက်ထားတာကြောင့်
သုံးယောက်လုံး က သူမသာကိုယ်မသာ ဖြစ်နေပါတယ်။ Martin Scorsese လည်း မျှော်လင့်လို့ရသလို
Alexander Payne လည်း ရသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကြိုက်ပြောရရင်တော့
Alfonso နဲ့ David O.Russell တို့ ထဲကရဖို့များပြီး၊ Steve McQueen သာ ဒါရိုက်တာဆုရရင်
12 Years a slave က ဇာတ်ကားဆုမရလောက်ပါဘူး။
Visual Effects
"Gravity"
"The Hobbit: The Desolation of Smaug"
"Iron Man 3"
"The Lone Ranger"
"Star Trek Into Darkness"
"The Hobbit: The Desolation of Smaug"
"Iron Man 3"
"The Lone Ranger"
"Star Trek Into Darkness"
Lone Ranger ကဘယ်လိုပါလာမှန်းတောင်မသိပါဘူး။ ဒီ Category ကတော့ ရှင်းပါတယ်။ Man of Steel က စကာတင် ၁၀ ကားစာရင်းမပါသလို၊ နောက်ဆုံး ၅ကားစာရင်းမှာ World War Z လည်း ပါမလာပါဘူး။ Lone Ranger က ပါလာပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် Oscar ဆုရွေးချယ်သူတွေက အစောကြီးထဲက သူတို့ စိတ်ကြိုက်ရွေးထားပြီး ပြီလို့ထင်ပါတယ်။ ဒီ Category မှာတော့ Gravity ကို လိုက်မှီတာ The Hobbit ပဲရှိပါတယ်။ Star Trek ကတော့ Upset အနေနဲ့ ရသွားနိုင်ပေမယ့် ကျွန်တော်ကတော့မထင်ပါဘူး။ Gravity ပဲရမှာပါ။
Admin #Jisu ရဲ့ ရွေးချယ်မှု ကျွန်တော်ရဲ့ ရွေးချယ်မှု
Best Actor Leonardo DiCaprio Leonardo DiCaprio
Best Actor(support) Bradley Cooper Jared Leto
Best Actress Cate Blanchett Sandra Bullock
Best Actress(supprot) Jennifer Lawrence Jennifer Lawrence
Animated Frozen Frozen
Cinematography Prisoners Insdie Llewyn Davis
Directing Alfonso Cuaron Alfonso Cuaron
Visual Effects Gravity Gravity
Comments
Post a Comment