I, Frankenstein (2014)

I, Frankenstein (2014) - Movie Link Included

ဒီကားကတော့ ကျွန်တော် ကြိုခန့်မှန်းခဲ့သလိုပဲ သာမန် Sci-fi ကားတစ်ကားထက်မပိုခဲ့ပါဘူး။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းမရှိသလို၊ သရုပ်ဆောင်တွေကလည်း သာမန်ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းကလည်း ထုံးစံအတိုင်း သမရိုးကျ ဇာတ်လမ်းမျိုးသာဖြစ်ပြီး Preview မှာပြောခဲ့သလိုပဲ၊ Demons တွေက ကမ္ဘာကြီးကို ကြီးစိုးချင်တယ်၊ Gargoyle တွေက Demons တွေကို နှိမ်နှင်းဖို့ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ Victor Frankenstein က Monster တစ်ကောင်ကို အသက်သွင်းခဲ့ပါတယ်။ (ဒီဇာတ်လမ်းက ဇာတ်ကားတော်တော်များများမှာ ယူသုံးထား တာကို ပရိတ်သတ်ကြီးမှတ်မိကြမှာပါ။ အနီးစပ်ဆုံးက Van Helsing ဇာတ်ကားမှာဖြစ်ပါတယ်။ Frankenstien's Monster လို့လူသိများတဲ့ သတ္တ၀ါက Adam, Monster, Frankenstein's Creature ဆိုပြီး နာမည် အမျိုးစုံ ရှိပေမယ့် အထင်ရှားဆုံးကတော့ သူကိုအသက်သွင်းပေးခဲ့တဲ့ Victor ရဲ့နာမည်ဖြစ်တဲ့ Frankenstein ပဲဖြစ်ပါတယ်။) ဒီကားမှာတော့ Adam လို့ သူ့ကို Gargoyle တွေက နာမည် ပေးခဲ့ပါတယ်။

Adam ( Monster played by Aaron Eckhart) က Victor ရဲ့မိန်းမကို သတ်ပြီး ထွက်ပြေးသွားရာမှာ Victor က သူ့နောက်ကလိုက်ပြီး လက်စားချေပေမယ့် ရာသီဥတုဒဏ်ကိုမခံနိုင်ပဲ သေဆုံးသွားပါတယ်။ Adam က Victor ကို မြေမြုပ်ပေးပြီးတဲ့နောက်မှာ Demons တွေရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီး Gargoyle တွေကို သူကို ကယ်တင်သွားပြီး သူတို့ရဲ့ ဘုရင်မဆီခေါ်သွားပါတယ်။ Gargoyle ဘုရင်မက Adam ကို သူတို့နဲ့အတူတူ နေဖို့ ဖိတ်ခေါ်ပေမယ့် လက်မခံပဲထွက်သွားခဲ့ပါတယ်။

ဇာတ်လမ်းက လက်ရှိခေတ်ကိုရောက်လာပြီး Demon တွေက Adam ဆီကနေ သူ့ ကို အသက်သွင်းပေးခဲ့တဲ့ Victor ရဲ့ လျှို့ဝှက်ချက်ကို လိုချင်နေတာဖြစ်ပြီး အဲ့ဒီ နည်းပညာ ( Adam ကို အသက်သွင်းပေးခဲ့တဲ့နည်းပညာနဲ့) လူသေတွေကို အသက်သွင်းပြီး ကမ္ဘာကြီးကိုကြီးစိုးဖို့ ဖြစ်ပါတယ်။

ကျွန်တော်ပြောသလိုပဲ ဇာတ်လမ်းက ရိုးပါတယ်။ ဇာတ်အိမ်က မခိုင်မာသလို၊ သရုပ်ဆောင်တွေကလည်း သာမန်ပါပဲ။ Effect တွေကကောင်းပေမယ့် ဇာတ်လမ်းမကောင်းတဲ့အတွက်ကြောင့် သာမန်ကား တစ်ကားအဖြစ်ပဲ သတ်မှတ်လိုက်ပါတယ်။ ဒီကားကို ရုံမှာ 3-D နဲ့ကြည့်မယ့်အစား အခွေဝယ်ကြည့်ဖို့ပဲကောင်းပါတယ်။ ဒီကားက ရှောင်ရန် ဇာတ်ကားစာရင်းထဲမှာတော့ မပါပါဘူး။ အပျင်းပြေကြည့်လို့ရပါတယ်။ သိပ်တော့ မျှော်လင့်လို့မရပါဘူး။

Rated- PG-13 ဖြစ်ပြီး မိသားစုတူတူကြည့်နိုင်ပါတယ်။

#Sololay

Movie Link
http://watch32.com/movies-online/i,-frankenstein-6073

Comments

Popular posts from this blog

Moana

The Pursuit of Happyness (2006) - Movie Link Included