Awakenings
Awakenings #ရုပ်ရှင်မိတ်ဆက် ဒီဇာတ်ကားက မင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကား ဖြစ်ပြီး၊ စိတ်ဝင်စား ဖို့ကောင်းပြီး၊ ရင့်နင့်စရာ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ၁၉၉၀ ထဲက ထွက်ခဲ့ တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ဖူးသူတွေလည်းရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အမှတ်တရပြန်ကြည့်ချင်တဲ့သူတွေ မကြည့်ရသေးသူတွေ အတွက် တင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာ Robin က Dr. Malcolm Sayer အဖြစ်သရုပ်ဆောင်ထားပြီး၊ တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Robin Williams က အကြောသေ ရောဂါ ဖြစ်နေတဲ့ လူတွေကို ကုသပေးဖို့ ရောက်လာတာဖြစ်ပြီး၊ လူနာတွေ ကို ကုသပေးနေရာက Leonard Lowe (Robert De Niro) လို့ခေါ်တဲ့လူနာတစ်ယောက်က Ouija Board ကိုသုံးပြီး သူနဲ့ Communicate လုပ်နိုင်လာပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Parkinson's Disease လို့ခေါ်တဲ့ ခြေလက် တုန်ယင် တဲ့ရောဂါနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုအပြီးမှာ သူ့လူနာတွေကို Parkinson ရောဂါကို ကုတဲ့ ဆေးနဲ့ စမ်းပြီး ကုသကြည့်ဖို့စိတ်ကူး ရလာပါတယ်။ တကယ်တမ်းမှာလည်း Leonard ကို စတင်စမ်းသပ်ကုသကြည့်ရာမှာ အောင်မြင်ခဲ့ပြီး ပြန်လည်လှ...